ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်သွားဖို့ အိမ်မက်မက်နေသူတွေအတွက် လေ့လာထားသင့်သည့် ဂျပန်နိုင်ငံအကြောင်း
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - Ma Thiri Thandar Ag
  • စတင်သည့်နေ့ - 17-06-2020
  • View - 3115

  • အကြောင်းအရာ အကျဥ်း

    Source form Internet Photo Credit form Internet

ဂျပန်သွားဖို့ အိမ်မက်မက်နေသူတွေအတွက် လေ့လာထားသင့်သည့် ဂျပန်နိုင်ငံအကြောင်း

ဂျပန်နိုင်ငံအကြောင်း

ဂျပန်ဆိုတဲ့အမည် 日本

ဂျပန်၏ နာမည် 日本ကို ဖော်ကျူးထားသော စာလုံးများမှာ "နေမှဆင်းသက်လာသောတိုင်းပြည်" ဟု အဓိပ္ပာယ်ရပြီး ထိုအတွက်ကြောင့် တခါတရံတွင် ဂျပန်အား "နေထွက်ရာတိုင်းပြည်" ဟု အဓိပ္ပာယ်ဖော်ဆို ခေါ်ဝေါ်ကြသည်။

တည်ရှိပုံ

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှတွင်တည်ရှိပြီး ကျွန်းပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီး အများအပြားမှာ မီးတောင်များဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်ပြီး မြို့တော်မှာ တိုကျို (Tokyo) ဖြစ်သည်။

လူဉီးရေ

ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ 

စီးပွားရေး

ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှရှိသော နိုင်ငံဖြစ်သည်။ 

လူမျိုး

ဂျပန်လူ့အဖွဲ့အစည်းမှာ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ယဉ်ကျေးမှုအားဖြင့် ဖြစ်စေ တူညီကြပြီး ၈၅ ရာခိုင်နှုန်းမှာ ဂျပန်လူမျိုးများ ဖြစ်ကာ နိုင်ငံခြား အလုပ်သမား လူနည်းစု ရှိသည်။ ဇိုင်းနိချိ ကိုရီးယားလူမျိုး၊ ဇိုင်းနိချိ တရုတ်လူမျိုး၊ ဖိလစ်ပိုင်လူမျိုး၊ ဘရာဇီးလူမျိုးနှင့် ပီရူးလူမျိုး တို့မှာ ဂျပန်နိုင်ငံအတွင်း လူနည်းစု လူမျိုးများ ဖြစ်သည်။ 

 ဘာသာတရား

ခန့်မှန်းချက်အရ ဂျပန်လူဦးရေ ၏ ၈၄ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာ သို့မဟုတ် ရှင်တိုဘာသာကို ကိုးကွယ်ကြသည်ပြီး ထိုဘာသာ နှစ်ခု စလုံးကို လက်ခံသူလည်း အများ အပြား ရှိသည်။

Source form Internet