ဖြေ - ဂျပန်နိုင်ငံသို့သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံ၏ ပညာအရည်အချင်း အနည်းဆုံး အလယ်တန်းအဆင့် ရှိရပြီး ဂျပန်နိုင်ငံမှ သတ်မှတ်ထားသည့် လုပ်ငန်းအမျိုးအစားတစ်ခုခုတွင် တတ်ကျွမ်းပြီး အတွေ့အကြုံ အနည်းဆုံး ၆ လ နှင့် အထက် ရှိရပါမည်။ ထို့နောက် Japan Ready Functions Training School တွင်ဂျပန်စာ အခြေခံ N5, N4 နှင့် မွမ်းမံသင်တန်းများတွင် တတ်မြောက်အောင် သင်ယူပြီး အရည်အချင်းပြည့်ဝပါလျှင် အင်တာဗျူးဖြေဆိုခွင့်ရပြီး အောင်မြင်ပါက သွားရောက်နိုင်မည်ဖြစ်ပါသည်။

(မှတ်ချက် ။ ။ Japan Ready Functions Training School သည် အေဂျင်စီမဟုတ်သည့်အတွက် ချိတ်ဆက်ပေးမည့် ခိုင်မာသေချာသည့် အေဂျင်စီဖြင့် သွားရောက်ရပါမည်။)

ဖြေ - Japan Ready မှာ Tokutei Ginou (Specified Skilled Worker) Visa, Trainee Visa, Students Visa, Working Visa တို့နဲ့ သင်ယူချိတ်ဆက်ပြီး သွားလို့ရပါတယ်။

ဖြေ - ဗီဇာအမျိုးအစားပေါ် လိုက်၍ Agent Fee မတူညီပါ။ USD 2,800 သည် Trainee Visa အတွက် ဖြစ်ပါသည်။ အသေးစိတ်ကို သိရှိလိုပါက ကျောင်းသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဖြေ - ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် ဂျပန်နိုင်ငံမှ မကန့်သတ်ထားပါ။ သို့သော် အများအားဖြင့် ငယ်ရွယ်ပြီး အလုပ်လုပ်ကိုင်နိုင်သည့်သူများကိုသာ ရွေးချယ်ခေါ်ယူကြပါသဖြင့် Japan Ready ကျောင်းမှအသက် ၁၈နှစ် မှ ၂၈နှစ် အတွင်းသတ်မှတ်ထားပါသည်။

ဖြေ - သတ်မှတ်ထားပြီး သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု ( ၆ လ နှင့် အထက် )အတွေ့အကြုံရှိပါက အသက် (၂၈) နှစ်ကျော်လည်း အဆင်ပြေနိုင်ပါသည်။

ဖြေ - ပညာအရည်အချင်းအလယ်တန်းဖြစ်ပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာ/ လုပ်ငန်းအတွေအကြုံရှိ ပါကရပါမည်။ လုပ်ငန်းပိုင်းဆိုင်ရာ/လုပ်ငန်းအတွေအကြုံ အနည်းဆုံး (၁ နှစ်) ရှိရပါ မည်။ (မှတ်ချက်- မိမိတတ်ကျွမ်းရာ အတတ်ပညာတွင်အတွေ့အကြုံများ ရှိလျှင် အခွင့်အလမ်းများ ရရှိမည် ဖြစ်ပါသည်။)

ဖြေ - Japan Ready Functions Training School တွင် ဂျပန်နိုင်ငံမှသတ်မှတ်ထားသည့် ဗီဇာအမျိုးအစား (၄)မျိုး ၊ လုပ်ငန်း ၁၄မျိုးတို့အတွက် သွားရောက်လုပ်ကိုင် နိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးထားပါသည်။ အဓိကအားဖြင့် သူနာပြုအကူ ၊ ဟိုတယ် ၊ စားသောက်ဆိုင် ၊ ဆောက်လုပ်ရေး ၊ ကားပြုပြင်ထိန်းသိမ်းရေးနှင့် လယ်ယာလုပ်ငန်း ၊ စားသောက်ကုန်လုပ်ငန်း စသည်တို့ကို အဓိကအားဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

ဖြေ - သူနာပြုအကူသင်တန်းဆင်းလက်မှတ်ရှိပြီး အလုပ်အတွေ့အကြုံမရှိပါက လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ( ၆ လ နှင့် အထက် )အတွေ့အကြုံရယူမှသာလျှင် ဂျပန်နိုင်ငံသို့ သွားရောက် နိုင်မည် ဖြစ်ပါသည်။ ထိုသို့အတွေ့အကြုံယူပြီးနောက်တွင် Japan Ready ကျောင်းမှာ ဂျပန်စာကို အခြေခံ N5, N4 အထိသင်ယူလို့ရပါတယ်။ N4 အဆင့်ပြီးဆုံးမှ မွမ်းမံသင်တန်းကို ဆက်လက်တက်ရောက်လို့ရပါမည်။

ဖြေ - သူနာပြုအကူလတ်မှတ်ရှိပြီး ဂျပန်စာ N4 အထိ ရပါသော်လည်း အထက်ပါမေးခွန်းတွင် ဖော်ပြထားသည့်အတိုင်း လုပ်ငန်းအတွေ့အကြုံ အနည်း ၆လ မှ ၁နှစ် ရှိမှသာလျှင် ဂျပန်သို့သွားရောက်ရန်လွယ်ကူပါမည်။

ဖြေ - သူနာပြုအကူလက်မှတ်ရရှိအောင် Japan Ready မှ ဖွင့်လှစ်ထားသည့် Japan Ready Caregiver Training School တွင် သင့်လျော်သည့်စျေးနှုန်းဖြင့် အမှန်တကယ်တတ်မြောက်သည့် သင်ခန်းစာများကို တက်ရောက်သင်ယူနိုင်ပါသည်။

ဖြေ - Japan Ready Caregiver Training School မှာ အခြေခံသူနာပြုစုစောင့်ရှောက်ခြင်းမှ စ၍ သူနာပြုအကူတစ်ယောက်တွင် တတ်သိသင့်သည့် ပညာရပ်များကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလ မှာ စာတွေ့လက်တွေ့ ၃လကြာဖြစ်ပါသည်။

ဖြေ - Japan Ready Caregiver Training School မှာ သူနာပြုအကူလတ်မှတ်ကို ရရှိပြီးနောက် ကူညီမိတ်ဆက်ပေး၍ ဖြစ်စေ မိမိကိုယ်တိုင်ရှာဖွေ၍ဖြစ်စေ ရရှိသည့် ဆေးရုံ သို့ သူနာပြုအကူ အလုပ်တွင် အနည်းဆုံး ၆လ နှင့်အထက် လုပ်ဆောင်ပြီးမှာသာလျှင် ဂျပန်စာကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ပါသည်

ဖြေ - N5 နှင့် N4 သင်တန်းကာလ ပျှမ်းမျှအားဖြင့် စုစုပေါင်း (၆ လ) ခန့်ကြာမြင့်ပါမည်။မွမ်းမံ သင်တန်း ကာလမှာ ပျမ်းမျှ (၂လ) ခန့်ကြာမြင့်ပါမည်။

ဖြေ - ဘိုးဘွားများဖြစ်သောကြောင့် မသန်စွမ်းသူများ ၊ သူငယ်ပြန်သူများ ၊ ကိုယ်လက်မလှုပ်ရှား နိုင်သူများသည် 80% အထက် ရှိနိုင်ပါသည်။

ဖြေ - သူနာပြုအကူ ၏ အခြေခံလစာမှာပျမ်းမျှ (၁၆) သောင်း မှ (၁၇) သောင်း ခန့်ရှိပါသည်။(မှတ်ချက် - အလုပ်ရရှိသည့်နေရာ ဒေသပေါ်မူတည်၍ လစာမှာကွဲပြားမှုရှိပါသည်။

ဖြေ -

  • Japan Ready ကျောင်းမှစိုက်ထုတ်ပေးခြင်းမဟုတ်ဘဲ ဂျပန်နိုင်ငံဘက်မှ NPO အဖွဲအစည်း ဘက်မှ စိုက်ထုတ်ပေးခြင်းဖြစ်ပါသည်။
  • Japan Ready ကျောင်းမှသတ်မှတ်ထားသော ကျောင်းစည်ကမ်းများ၊ စာမေးပွဲများကို အောင် မြင်၍ Interview အောင်မြင်သည့်သူကိုသာ စိုက်ထုတ်ပေးမည်ဖြစ်ပါသည်။
  • ကျောင်းသား/သူတို့ထံသို့(ကာယကံရှင်ဆီသို့) USD 2,800/- ကို ပေးအပ်မည်မဟုတ်ပါ။
  • ကျောင်းမှ ချိတ်ဆက်ပေးထားသော Agent ထံသို့တိုက်ရိုက်ပေးအပ်ပါမည်။
  • မြန်မာနိုင်ငံအစိုးရသို့ ပေးဆောင်ရမည့် Income Tax(၀င်ငွေအခွန်) ၅% ကို မိမိဘာသာပေးဆောင်ရပါမည်။

ဖြေ - Agent ထံမှ USD2,800/- ထက်ပိုသောငွေကြေး တောင်ခံလာပါက ပေးရန်မလိုပါ။အဓမ္မ တောင်းခံလာပါက Japan Readyကျောင်းမှတာဝန်ရှိသူများထံ အကြောင်းကြားရန်လိုအပ်ပါသည်။

ဖြေ - လစဉ်ပြန်လည်ပေးသွင်းပေးရပါမည်။

ဖြေ - ဂျပန်ဘက်မှ အလုပ်ခေါ်သည့် Company ပေါ်တွင်မူတည်ပါသည်။ အများအားဖြင့် ဂျပန်ဘက်က ကုမ္မဏီများမှ စိုက်ထုတ်ပေးပါသည်။ နေထိုင်ရန် အဆောင်ကို အလုပ်ခေါ်သည့် Company နှင့် တိုင်ပင်ဆွေးနွေးရပါမည်။ များသောအားဖြင့် အဆောင်စီစဥ်ပေးပါသည်။ အဆောင်ခကို ကာယကံရှင်ဘက်မှ ပေးဆောင်ရမည်။ ပုံမှန်ထက် ၅၀ % လောက်သက်သာစေရမည်။

ဖြေ - ဂျပန်နိုင်ငံ၌ အလုပ်လုပ်နေစဥ် (၃ နှစ်) အတွင်း မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရှိပါသည်။ လုပ်သက်အလိုက်ပေးသော ခွင့်နှင့်၊ ပွဲတော်ပိတ်ရက်များ ၌ ပြန်လာခွင့်ရှိပါသည်။ ( မှတ်ချက် - ပြန်လာလျှင်ကုန်ကျမည့် ကုန်ကျစရိတ်များအားလုံးကို မိမိအစီအစဉ်ဖြင့် ကုန်ကျခံရမည်ဖြစ်သည်။ )

ဖြေ - Reject ထိထားပါက reject အကြောင်းအရာပေါ်မူတည်ပြီး ကျောင်းသို့ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ဖြေ - ထိုးထားသည့် အခြေအနေကို ကြည့်ပေးပြီးမှ ပိုအဆင်ပြေပါမည်။

ဖြေ - လိုအပ်ပါသည်။ မရှိ၍ မရပါ။

ဖြေ - မှတ်ပုံတင် မလဲရသေးသော်လည်း သတ်မှတ်ချက်များပြည့်စုံလျှင် လျှောက်လွှာတင်၍ ရပါသည်။

ဖြေ - မိဘလက်ငုပ်လက်ရင်းကို လုပ်ကိုင်နေပါက စိုက်ပျိုးရေးကို မည်မျှကြာအောင် လုပ်ကိုင်နေကြောင်း မိဘမှ ထောက်ခံစာရေးပေးပြီး ထိုထောက်ခံစာအောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ မှန်ကန်ကြောင်း လက်မှတ်ရေးထိုး တံဆိပ်တုံးနှိပ်ပေးလျှင် အဆင်ပြေပါသည်။

ဖြေ - ရလျှင်အဆင်ပြေပါသည်။ သံရုံးသို့ တင်ပြရာတွင် လိုအပ်မည်ဖြစ်ပါသည်။

ဖြေ - လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ရန် ထိခိုက်နိုင်တဲ့ ချို့ယွင်းချက်မဟုတ်လျှင်၊ သိသာထင်ရှားသော ချို့ယွင်းချက်မဟုတ်လျှင် ရပါသည်။

ဖြေ - အဆင်မပြေပါ။

ဖြေ - အခြေခံအားဖြင့်သတ်မှတ်ထားသည်မှာ ၈ နာရီလုပ်ရပါမည်။ OT မှာ မိမိအလုပ်လုပ်မည့် company ပေါ်တွင်မူတည်ပါသည်။

ဖြေ - သင်တန်းချိန် မှာ တနင်္လာ မှသောကြာ မနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ အထိပါ။

ဖြေ - သင်တန်းကြေး အခမဲ့ပါ၊ ‌ကျောင်းဝင်ကြေး ၅၀၀၀၀ ကျပ် တစ်ကြိမ်သာ ပေးသွင်းရပါတယ်။

ဖြေ -

  • (၁) ဓာတ် ပုံ ၂ ပုံ ( 3 cm x 3.5 cm)
  • (၂) မှတ် ပုံတင် (မူ ရင်း/ မိတ္တူ )
  • (၃) သန်းခေါင်စာရင်း(မူရင်း / A 4 size မိတ္တူ)
  • (၄) ရပ်ကွက် ထောက်ခံစာ(မူရင်း/ ၃ လအတွင်း)
  • (၅) ရဲစခန်းထောက်ခံစာ (မူရင်း/ ၃ လအတွင်း)
  • (၆) မိဘ မှတ်ပုံတင်(မိတ္တူ)
  • (၇) သက်ဆိုင် ရာပညာရေးထောက်ခံစာ/ အောင်လက်မှတ် (မူရင်း/ မိတ္တူ )
  • (၈) အလုပ်ထောက်ခံစာ (မူရင်း/ မိတ္တူ) (အတွေ့ အကြုံ ရှိလျှင်)
  • (၉) သင်တန်းဆင်း လက်မှတ် များ(မူရင်း/ မိတ္တူ)

ဖြေ - သင်တန်းကာလ ပြီးလျှင် Japan Ready မှ စစ်ခဲ့သော စာမေးပွဲ များအောင်၍ ဂျပန်စာအရည်ချင်းပြည့် မီပါမှ အလုပ် အင်တာဗျူးပေးဝင်ပါမည် ။

ဖြေ - Trainee Visa အတွက် COE ကျ ရန် အ ချိန် ကာ လ ပျှမ်း မျှ ၅လ မှ ၆လ ကြား ကြာ ပါမည်။

ဖြေ - Japan Ready မှာ တန်းခွဲအားလုံး အတန်းတင် စာမေးပွဲ စစ်ပါတယ်၊ စာမေးပွဲအောင်မှ နောက်အတန်းကို ပေးတက်တာပါ။

ဖြေ - Japan Ready ဆရာ/မ များမှ N2 အွန်လိုင်းသင်ခန်းစာများကို မကြာမီလေ့လာနိုင်အောင် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေပါပြီ။