E-Learning ကျောင်းသား/သူများအတွက် စည်းကမ်းများJapan Ready Functions Training School

Japan Ready Functions Training School (JRF) Online Class သည် အခြေခံသင်ခန်းစာများ မှ တစ်ဆင့် အမှန်တကယ် တတ်မြောက်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ သိုဖြစ်ပါ၍ ပေးထား‌သော အချိန်ဇယားအတိုင်း သင်ခန်းစာများကို လေ့လာခြင်း ပြုလုပ်ပါ။ အိမ်စာများကို ဆရာ/မများထံ UPLOAD တင်ပေးသူများကိုသာ အမှတ်ပေး၍ အတန်းများကို တစ်ဆင့်ပြီး တစ်ဆင့် ပေးတက်သွားမည် ဖြစ်ပါသည်။

နားမလည်သော သင်ခန်းစာများကို မေးမြန်းရန်နှင့် ဆရာ/မ မှ တိုက်ရိုက် သင်ခန်းစာများ သင်ကြားပိုချပေးမည့် အချိန် ဇယား Online Live Meeting ဖြင့် စာသင်ခြင်း/ ဆွေးနွေးခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

  • ၁ . သင်ခန်းစာများကို အချိန်ဇယားနှင့် အညီနေ့စဥ် အားလပ်သော အချိန်တွင် လေ့ကျင့်ရမည် ဖြစ်ပါသည်။
  • ၂ . သတ်မှတ်ထားသော Grammar နှင့် ခန်းဂျီး Video များကို ကြည့်ပြီးလေ့လာပါ။ ပြီးလျှင်လေ့ကျင့်ပါ။
  • ၃ . အိမ်စာများကို သတ်မှတ်ထားသော နေ့ရက်များတွင် UPLOAD တင်ပေးရန် လိုအပ်ပါသည်။
  • ၄. Japan Ready Functions Training School (JRF) ကျောင်း၏ သင်ခန်းစာများအား အခြား Social Media များတွင် ပြန်လည်မျှဝေခြင်း/ ရောင်းချခြင်းများ မပြုလုပ်ရ။
  • ၅ . မိမိ၏ Account အား အခြားတစ်ယောက်ထံ ပေးမသုံးရ။
  • ၆ . Online Live Video Chat အတန်းချိန် မစတင်မီ🔺၁၅ မိနစ်အလိုတွင် စတင်ဝင်ရောက်ထားခြင်းရှိရမည်။ အတန်းချိန်စတင်ပြီး 🔻၁၅ မိနစ်ကျော်သွားပါက ⛔ဝင်ရောက်ခွင့် မပြုတော့ပါ။ မှတ်ချက်-အစိုးရ ရုံးပိတ်ရက်များတွင် Online Live Video Chat မရှိပါ။
  • ၇ . (၁၀) ရက် နှင့်အထက် အသုံးမပြုသော အကောင့်များကို System မှ အလိုလျောက် ပယ်ဖျက်သွားမည် ဖြစ်ပါသည်။ အသုံးပြုရန် အခက်အခဲ တစ်စုံတစ်ရာရှိပါက ကြိုတင်ဖုန်းဆက်ပြီး အကြောင်းကြားထားရန် လိုအပ်ပါသည်။
  • ၈ . အိမ်စာပြည့်မိအောင် မတင်သော ကျောင်းသား/သူ များသည် အတန်းတင် စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့် ရှိမည် မဟုတ်ပါ။

သင်ခန်းစာများ နှင့် ပါတ်သက်ပြီး နားမလည်ခြင်း/ ဝက်ဆိုက်လ်အား အသုံးပြုရန် ခက်ခဲခြင်း ဖြစ်ပါက ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များ အတိုင်း ဆက်သွယ် မေးမြန်နိုင်ပါသည်။ ဆက်သွယ်ရန်

အကယ်၍ သင်သည်အိမ်စာလေ့ကျင့်ခန်းများကို တင်ပြခြင်း မရှိပါက သင်တန်းသားအဖြစ် System မှ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

ယခု အွန်လိုင်းကျောင်းသားများသည် Japan Ready Functions Training School (JRF) ကျောင်း၏ စည်းမျဥ်းစည်းကမ်း များကို လိုက်နာသဘောတူညီသည်ဟု မှတ်ယူပြီး ဖြစ်ပါသည်။

Last Infomation updated : 3/september/2020