ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
လေ့လာထားသင့်သည့် အင်တာဗျူးတွင် မေးလေ့ရှိသော ဗဟုသုတမေးခွန်းများ
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - Ma Thiri Thandar Ag
  • စတင်သည့်နေ့ - 17-06-2020
  • View - 2485

  • အကြောင်းအရာ အကျဥ်း

    Source form Internet Photo Credit from Internet

လေ့လာထားသင့်သည့် အင်တာဗျူးတွင် မေးလေ့ရှိသော ဗဟုသုတမေးခွန်းများ

ဂျပန်နိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ် နာမည်

ရှင်ဇို အာ့ဘဲ့ (သည် ဂျပန်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိတွင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဥက္ကဋ္ဌဖြစ်သည်။ မစ္စတာ အာ့ဘဲ့သည် ဂျပန်နိုင်ငံ၏ ၉၀ ဆက် မြောက် ဝန်ကြီးချုပ်ြဖစ်ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာ ၂၆ တွင် ရာထူးတက်ခဲ့သည်။

ဂျပန်နိုင်ငံရဲ့ အစားအစာဆို ဘာလို့ သိထားသလဲ။

ဂျပန်ရဲ့အစားအသောက်လို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိကြတာ ဆူရှီ လို့ ထင်ပါတယ်။

ဒါ့အပြင် တခြား ဂျပန်နိုင်ငံရဲ့ နာမည်ကြီး အစားအစာ အမည်တွေကိုလည်း လေ့လာမှတ်သားထားသင့်ပါတယ်။

ဉပမာ - ဆာရှိမိ ၊ တန်ပူရာ ၊ ရာမန် ၊ ခါရေး ၊ ခရာအာဂေး ၊ ဆိုးဘ ၊ အူဒွန် စသည်ဖြင့် သိထားသင့်ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းနဲ့ သွားမဲ့သူတွေဆို ပိုသိထားသင့်တာပေါ့နော်။

အဲဒီမှာမှ တစ်ခုပြောချင်တာက အဲ့ဒီအစားအစာတွေက ဘာပစ္စည်းတွေနဲ့လုပ်တာလဲ ဘယ်လိုအရသာလဲဆိုတာကိုပါ မစားဘူးပေမဲ့ လေ့လာထားမှ သူတို့က မေးခွန်းဆက်ပြီး မေးတဲ့အခါ ပိုပြောနိုင်မှာပေါ့နော်။

 ဂျပန်နိုင်ငံ လည်ပတ်ခွင့်ရမယ်ဆိုလျှင် ဘယ်နေရာတွေကိုသွားလည်ကြည့်ချင်သလဲ။

အများအားဖြင့် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ကမာကူရ ဘုရား ကို သွားချင်တယ်လို့ ဖြေကြပါတယ်။ နောက်ပြီး လူငယ်တွေဆိုရင်တော့ Disney Land ကိုဖြေကြတဲ့သူတွေလည်းရှိပါတယ်။

အဲလိုမဟုတ်ပဲ  ဂျပန်နိုင်ငံရဲ့ တခြားဒေသ တစ်ခုကို သွားဖြေလိုက်လျှင် သူတို့က အဲ့ဒေသကို ဘာလို့သွားချင်တာလဲ ဘာတွေရှိလို့လဲလို့ မေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်ကြားဖူးရုံနဲ့ သွားမဖြေပါနဲ့နော် ။ ကိုယ် ကိုယ်တိုင် တကယ်သိမှ ဖြေပါနော်။

ဂျပန်နိုင်ငံရဲ့ လည်ပတ်စရာနေရာတွေကတော့ အများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ အခု ၂၀၂၀အထိ ဂျပန်နိုင်ငံရဲ့  ဆွဲဆောင်မှု အရှိဆုံး ခရီးသွား နေရာ ၁၀ခုကို ကောက်နှုတ် ရေးသားပေးလိုက်ပါတယ်။

10. Hiroshima Peace Memorial ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ်

9. Jigokudani Monkey Park ဂျိဂိုခု ဒနိ မျောက်ဉယျာဉ်

8. Kiyomizu-dera ကိရောမိဇု ဒဲရ ဗုဒ္ဓဘုရားကျောင်း

7. Himeji Castle ဟိမဲဂျိ ရဲတိုက်

6. Great Buddha of Kamakura ကမာကုရ ဗုဒ္ဓရုပ်ပွားတော်ကြီး

5. Todaiji Temple တိုဒိုင်းဂျိ ဘုရားကျောင်း

4. Tokyo Tower တိုကျို တာဝါ

3. Tokyo Imperial Palace တိုကျို ဧကရာဇ် နန်းတော်

2. Mount Fuji ဖူဂျီတောင်

1. Golden Pavilion ကျိုတိုမြို့ရှိ ရွှေတဲ တို့ပဲဖြစ်ပါတယ်။

Source form Internet