Minna No Nihongo Shokyuu 1

Minna No Nihongo Shokyuu 1

Minna No Nihongo Shokyuu 1 စာအုပ်တွင် အခန်း၁မှအခန်း၂၅အထိ စုစုပေါင်းသင်ခန်းစာ၂၅ခန်းပါဝင်သည်။ လုပ်ငန်းခွင်၊ကျောင်းတို့တွင် ဂျပန်ဘာသာစကားဖြင့် ပြောဆိုရန် လိုအပ် သော နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ပြုစုထားသော အဆင့်၁အခြေခံဂျပန်စာစာအုပ်ဖြစ်သည်။ အခြေခံသဒ္ဒါတည်ဆောက်ပုံနှင့်နေ့စဉ်သုံးစကားပြောသင်ခန်းစာများ ပါဝင်သည်။ Minna No Nihongo Shokyuu 1 သင်ယူပြီးမြောက်သော J-Tec ကျောင်းသားများသည် JLPT N5စာမေးပွဲကို ဖြေဆိုရပါသည်။

Minna No Nihongo Shokyuu 2

Minna No Nihongo Shokyuu 2

Minna No Nihongo Shokyuu 2 စာအုပ်တွင် အခန်း၂၆မှအခန်း၅၀အထိ စုစုပေါင်းသင်ခန်းစာ၂၅ခန်းပါဝင်သည်။ လုပ်ငန်းခွင်၊ကျောင်းတို့တွင် ဂျပန်ဘာသာစကားဖြင့် ပြောဆိုရန် လိုအပ် သော နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ပြုစုထားသော အဆင့်၂အခြေခံဂျပန်စာစာအုပ်ဖြစ်သည်။ အခြေခံသဒ္ဒါတည်ဆောက်ပုံနှင့်နေ့စဉ်သုံးစကားပြောသင်ခန်းစာများ ပါဝင်သည်။ Minna No Nihongo Shokyuu 2 သင်ယူပြီးမြောက်သော J-Tec ကျောင်းသားများသည် JLPT N4စာမေးပွဲကို ဖြေဆိုရပါသည်။

Marugoto Starter (A1) Katsudoo

Marugoto Starter (A1) Katsudoo

Marugoto Starter (A1) Katsudoo ဂျပန်ဘာသာစကားအား လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်၍ ပြုစုထားသော သင်ရိုးဖြစ်ပါသည်။ သင်ခန်းစာများတွင် ဓါတ်ပုံ၊ရုပ်ပုံများ ပါဝင်သောကြောင့် ဂျပန်၏ လူနေမှုဘဝ၊ယဉ်ကျေးမှုတို့ကို ပိုမိုနားလည်သိရှိနိုင်သည်။ Audioသင်ခန်းစာများပါရှိခြင်းကြောင့် Listeningနှင့်Speakingစွမ်းရည် ကိုမြှင့်တင်နိုင်ရန် အထောက်အကူပြုသော သင်ရိုးဖြစ်သည်။

Marugoto Elementary 1 (A2) Katsudoo

Marugoto Elementary 1 (A2) Katsudoo

Marugoto Elementary 1 (A2) Katsudoo လွယ်ကူရိုးရှင်းသော နေ့စဉ်သုံးဂျပန်စကားပြောများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် ရည်ရွယ်ပြုစုထားသော သင်ရိုးဖြစ်သည်။

Marugoto Elementary 2 (A2) Katsudoo

Marugoto Elementary 2 (A2) Katsudoo

Marugoto Elementary 2 (A2) Katsudoo ခရီးသွားဂျပန်စကားပြောနှင့် လည်ပတ်စရာနေများအကြောင်းကို အခြေခံအသုံးအနှှုန်းများဖြင့် ပြောဆိုနိုင်ရန် ရည်ရွယ်ပြုစုထားသော သင်ရိုးဖြစ်သည်။

Marugoto Pre-Intermediate (A2/B1)

Marugoto Pre-Intermediate (A2/B1)

Marugoto Pre-Intermediate (A2/B1) ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်သော အကြောင်းအရာများ ပြောဆိုင်နိုင်ရန် ရည်ရွယ်ပြုစုထားသော သင်ခန်းစာများပါဝင်သည်။

Marugoto Intermediate 1 (B1)

Marugoto Intermediate 1 (B1)

Marugoto Intermediate 1 (B1) မိမိစိတ်ဝင်စားသော အကြောင်းအရာများ (ဥပမာ Manga)နှင့် မိမိအတွေ့အကြုံများကို အသေးစိတ်ပြောဆိုနိုင်ရန်နှင့် လိုအပ်သောသတင်းအချက်အလက်များရှာဖွေခြင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ပြုစုထားသော သင်ရိုးဖြစ်ပါသည်။

日本の生活案内

日本の生活案内

日本の生活案内 နည်းပညာသင်တန်းသားအနေဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်စဉ်အတော အတွင်း အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် ဆောင်ရန်၊ရှောင် ရန်နှင့် သတိပြုစရာအချက်များကို ဖော်ပြထားသော အလုပ်သင်လက်စွဲ စာအုပ်ဖြစ်သည်။