ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဒီနေ့အောက်တိုဘာလ (၈)ရက်နေ့ဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
  • စုစည်းမှု့ - Tradition/Culture/Life
  • ပို့တင်သူ - Ma Thiri Thandar Ag
  • စတင်သည့်နေ့ - 08-10-2020
  • View - 1329

  • အကြောင်းအရာ အကျဥ်း

ဒီနေ့အောက်တိုဘာလ (၈)ရက်နေ့ဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

あなたの性格

 おとなしいけれど、ライバルと張り合う負けず嫌い。
 責任感が強く、物事を最後までやり遂げます。
 精神年齢が高いので、年上と相性が良いです。

သင်ရဲ့ကိုယ်ရည်ကိုယ်သွေး

သင်ဟာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေးနေတတ်တဲ့သူ တစ်ယောက်ဖြစ်ပေမဲ့လည်း ပြိုင်ဘက်ရှိလာလျှင် ကောင်းကောင်း ယှဥ်ပြိုင်ပြီး အရှုံးပေးရတာကို မုန်းတဲ့သူတစ်ယောက်ဖြစ်တယ်။

တာဝန်သိစိတ် အပြည့်အဝရှိသူတစ်ယောက်ဖြစ်ပြီး ဘယ်အရာမဆို ပြီးဆုံးတဲ့အထိ လုပ်ဆောင်တတ်တဲ့သူ တစ်ယောက်လည်းဖြစ်တယ်။

စိတ်ဓာတ်မြင့်မားတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ထက် အသက်ကြီးတဲ့သူတွေနဲ့ဆိုလျှင် ဆက်ဆံရေး ပိုကောင်းအောင် နေထိုင်တတ်သူတစ်ဦးလည်း ဖြစ်တယ်။

恋愛運

 恋は奥手で、好きな男の子からアプローチされても恥ずかしくて逃げてしまう事も。
 でも、一度スイッチが入ると積極的になります。
 恋のライバルがいると、とても頑張ります。

သင်ရဲ့အချစ်ရေး

သင်ဟာ အချစ်နဲ့ပတ်သက်၍ ဖွင့်ဟ တတ်တဲ့သူမျိုးမဟုတ်တဲ့အတွက် သင်သဘောကျနှစ်သက်တဲ့ ယောက်ျားလေးတစ်ယောက် သင့်ကို ချဥ်းကပ်လာလျှင်တောင်မှ သင်က ရှက်ကြောက်ပြီး ထွက်ပြေးတတ်တဲ့သူမျိုးဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ကြိမ်လောက် ချစ်မိသွားတယ်ဆိုလျှင်တော့ သင်ဟာ ချက်ချင်းလက်ခံလာတတ်တဲ့သူမျိုးလည်း ဖြစ်ပါတယ်။

သင်ဟာ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်ပြီး ပြိုင်ဘက်ဖြစ်လာလျှင် အကောင်းဆုံးကြိုးစားတတ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

友達運

 友達を大切にし、仲の良い友達とは大人になっても友情が続きます。
 友達に気を使い過ぎる所があるので、もっと自分のペースで友達と接しましょう。

သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေး

သင်ဟာ သူငယ်ချင်းတွေအပေါ်မှာ ဂရုတစိုက်ရှိသူ တစ်ယောက်ဖြစ်ပြီး ငယ်သူငယ်ချင်းတွေဖြစ်ပင်ငြားလည်း အသက်ကြီးလာတဲ့အထိ ဆက်လက်ချစ်ခင် ပေါင်းသင်းတတ်တဲ့သူ တစ်ယောက်လည်းဖြစ်တယ်။

သူငယ်ချင်းတွေနဲ့ပတ်သက်လျှင် စိတ်နှစ် ကိုယ်နှစ် ဂရုစိုက်လွန်းသူ တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်အတွက်ကိုယ်လည်း ပိုပြီး ဂရုစိုက်စေချင်ပါတယ်။

運勢の高まる月と日にち

 1月と10月 毎月の8日と26日

ကံကောင်းစေတဲ့ လနှင့်ရက်များ

ဇန်နဝါရီလ နှင့် အောက်တိုဘာလ တိုင်း၏ ၈ ရက်နေ့နှင့် ၂၆ရက်နေ့ ဖြစ်ပါတယ်။

相性の良い彼のタイプ

 尊敬できる男の子が良いでしょう

သင်နဲ့ ပိုပြီးသဟဇာတဖြစ်မည့် ကောင်လေးပုံစံ

သင်က လေးစာရမဲ့ အမျိုးသားတစ်ယောက်ဆိုလျှင် သင်ပိုပြီး နှစ်သက်မယ်ထင်ပါတယ်။

この日生まれの男の子へのアプローチ方法

 彼は楽しい事が大好きで、真剣な態度で告白されると困ってしまいます。
 笑い話で会話を盛り上げ、時々意味深な事を言って気持ちを伝えるのが良いでしょう。
 彼の好みは 『頭が良くてしっかり者』

မွေးလ မွေးရက်တူ ကောင်လေးတစ်ယောက်ကို ချဥ်းကပ်သည့်နည်းလမ်း

သူက ပျော်ပျော်ရွှင်ရွှင် နေရတာကို လွန်စွာ နှစ်သက်တတ်တဲ့သူ တစ်ဦးဖြစ်ပြီး သူကလေးလေးနက်နက် ဝန်ခံလာတဲ့အခါ သင်အခက်အတွေ့စေမဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

သူက ရယ်မောပျော်ရွှင်ဖွယ်ရာ စကားတွေပြောလိုက် တစ်ခါတစ်ရံ အဓိပ္ပာယ်လေးနက်တဲ့ စကားတွေပြောလိုက်နဲ့ ခံစားချက်တွေကို သိအောင်ပြောတာ သင့်အတွက် ကောင်းတယ်လို့ထင်ပါတယ်။

သူရဲ့အကြိုက်ကတော့ ဥာဏ်ကောင်းပြီး ဘယ်ကိစ္စမဆို သေသေချာချာ ဆောင်ရွက်တတ်တဲ့မိန်းကလေးတစ်ယောက် ပုံစံဖြစ်ပါတယ်။

開運方法

 ラッキーカラー ローズピンク(rose pink)    
 ラッキースポット デパート
 ラッキーファッション ボーダーシャツ
 ラッキーナンバー 9.27.90
 ラッキーアイテム トートバック
 ラッキーフード クレープ
 ラッキーフラワー(誕生花と花言葉) 野牡丹(のぼたん) 自然 

ကံပွင့်စေသောနည်းလမ်းများက အောက်ပါ သင့်အတွက် ကံကောင်းစေတဲ့ အရာများကို လုပ်ဆောင်လိုက်ပါ။

Lucky အရောင် - ပန်းဆီရောင်

Lucky နေရာ - ကုန်တိုက်

Lucky ဖက်ရှင် - Border shirt

Lucky အရေအတွက် -9,27,90

Lucky ပစ္စည်း - Tote bag

Lucky အစားအစာ - Crepe မုန့်

Lucky ပန်းပွင့် - Wild peony ပန်း

向いている仕事

 負けず嫌いのあなたは、常に自分を高める仕事が良いでしょう。
 モデル、女優など。

သင့်လျော်သောအလုပ်အကိုင်

အရှုံးပေးရတာကို မကြိုက်တဲ့သင်ဟာ ကိုယ့်ကို အမြဲတိုးတက်အောင်မြင်အောင် လုပ်ဆောင်ပေးစေမဲ့ အလုပ်အကိုင်တွေနဲ့ သင့်လျော်မယ်လို့ထင်ပါတယ်။

မော်ဒယ်လ် ဒါမှမဟုတ် ရုပ်ရှင်သရုပ်ဆောင် တို့နဲ့ပိုသင့်လျော်ပါတယ်။

ワンポイントチャームアップ

 キレイな指先でチャームアップ。
 つめの手入れはこまめに。

သင့်ကို ပိုမိုချစ်စရာကောင်းစေမည့် သော့ချက်

သင်၏ လှပသော လက်ချောင်းလေးတွေက သင့်ကိုပိုမိုချစ်စရာကောင်းအောင် ပြုလုပ်ပေးနိုင်မဲ့ သော့ချက်ဖြစ်ပါတယ်။

မကြာခဏ သင့်ရဲ့ ခြေသည်း လက်သည်းလေးတွေကို ဂရုစိုက် သန့်ရှင်းပေးပါ။