မင်္ဂလာပါ

ကျွန်ုပ်တို့ Career-Tech Japan Co.,Ltd ၏ သင်တန်းကျောင်းဖြစ်သော Japan Ready Functions Training School သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှ စတင် တည်ထောင် ဖွင့်လှစ်ခဲ့သော ကျောင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ရှိသော လူငယ်လူရွယ်များ ပြည်ပရှိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင် နိုင်ရန်သော်လည်းကောင်း၊ ပညာသင်ကြားရန်အတွက်သော်လည်းကောင်း ဂျပန်စာအခြေခံမှစပြီး လေ့ကျင့်သင်ကြားပေးခြင်း၊ ဂျပန်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရန်အတွက် လိုအပ်သည့် အထောက်အပံ့များကို ကူညီပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်ရှိသော လူငယ်လူရွယ်များသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သော နည်းပညာ၊ အသိပညာ၊ အတတ်ပညာ၊ သက်ဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံ၊ လူနေမှုဘ၀အဆင့်အတန်း၊ လူသားအရင်းအမြစ်များကို လေ့လာသင်ယူပြီး မြန်မာနိုင်ငံတွင်း အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းသည်လည်း တခြားနိုင်ငံများနည်းတူ တိုးတက်အောင်မြင်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံတွင်ရှိသော လူငယ်လူရွယ်များသည် မိမိတို့၏ ဘ၀တိုးတက်အောင်မြင်မှုကို ဆွတ်ခူးနိုင်ရန် ကျွန်ုပ်တို့၏ Japan Ready Functions Training School သင်တန်းကျောင်းသို့ ယုံကြည်စွာဖြင့် လှမ်းခဲ့လိုက်ပါ။ သင့်တို့အတွက် အခွင့်အရေးကောင်းများကို လက်လွတ်ဆုံးရှုံးမခံပါနဲ့။

Japanese Language Interm Training Myanmar

သင်တန်းတည်နေရာများ နှင့် အဆောက် အဦးများ

ရုံးချုပ်လိပ်စာ

အမှတ်(၆၇၈/ခ)၊ သစ္စာလမ်းမကြီး၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ပုဏ္ဏမီမှတ်တိုင်)


(YBS 12, 29, 38, 83, 87, 108)


ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 952006155 09 409779090
09446347020


jrfschool.info@gmail.com


https://japanreadyschool.com


Japan Ready Functions ဂျပန်စာသင်ကျောင်း

ဆရာ/ဆရာမများ
Providing Higher Education