ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်နိုင်ငံမှ အမေများနေ့
  • စုစည်းမှု့ - Tradition/Culture/Life
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 15-05-2020
  • View - 1816

  • အကြောင်းအရာ အကျဥ်း

    ဂျပန်နိုင်ငံတွင်အမေများနေ့ကို ၅ လပိုင်း၏ ဒုတိယပတ်တနင်္ဂနွေနေ့တွင် ကျင်းပလေ့ရှိကြပါသည်။

ဂျပန်နိုင်ငံမှ အမေများနေ့


             ကမ္ဘာပေါ်တွင် အမေများနေ့ကို ကျင်းပကြသည့်နေ့ရက်များမှာတူညီမှုမရှိကြပါ။ အမေရိကန်နိုင်ငံတွင် ဂျပန်နိုင်ငံကဲ့သို့ ၅ လပိုင်းဒုတိယပတ်၏ တနင်္ဂနွေနေ့တွင် ကျင်းပကြပြီး စပိန်နိုင်ငံတွင် ၅ လပိုင်းပထမပတ်၏ တနင်္ဂနွေနေ့နှင့်ဆွီဒင်နိုင်ငံတွင် ၅ လပိုင်းနောက်ဆုံးပတ်၏ တနင်္ဂနွေနေ့တွင် ကျင်းပကြပါသည်။
အမေများ၏ သားသမီးအပေါ်တွင်ထားရှိသော ချစ်ခြင်းမေတ္တာတရားအား ကျေးဇူးတင်သောစိတ်နှလုံးသားဖြင့် မိခင်များနေ့ကို ကျင်းပကြရာတွင် ဂျပန်နိုင်ငံတွင် ပြုမူလေ့ရှိကြသည်များကို ရေးသားဖော်ပြပေးချင်ပါသည်။
              ဂျပန်နိုင်ငံတွင် ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့တွင် အမေများနေ့ကိုစတင်ခဲ့သည်ဟု သိရပါသည်။ ထိုနေ့သည် ဂျပန်ဘုရင် အကီဟီတို၏ မိခင်ဖြစ်သူမွေးနေ့ဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်တွင် အမေများနေ့ကို တရားဝင်သတ်မှတ်ပြီး ကျင်းပခဲ့ကြပါသည်။
             အမေများနေ့မတိုင်မီတွင် ဂျပန်နိုင်ငံရှိပန်းဆိုင်များတွင် ကာနေးရှင်းပန်းများဖြင့်ပြုလုပ်သော လှပသော ပန်းစည်း၊ ပန်းခြင်းလေးများကိုအသင့်ဝယ်ယူနိုင်ရန် အလှဆင်ထားကြသည်ကို တွေ့မြင်နိုင်ပါသည်။
           ပန်းရောင် ကာနေးရှင်းပန်းသည် " ကျေးဇူးတင်ခြင်း" ဟူသော အဓိပ္ပာယ်ကို ရည်ညွှန်းပါသည်။
အသက်ရှိထင်ရှားရှိသော မိခင်ကို အနီရောင်ကာနေးရှင်းပန်းများပေးလေ့ရှိပါသည်။ အနီရောင်ကာနေးရှင်းပန်းသည် ဖြူစင်ခြင်းနှင့်ချစ်မြတ်နိုးခြင်းကိုရည်ညွှန်းပါသည်။
ကွယ်လွန်သွားသောမိခင်အတွက်ဆိုလျှင် အဖြူရောင်ကာနေးရှင်းပန်းကိုအသုံးပြုကြပါသည်။
           ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပကြသော အမေများနေ့တွင် ကလေးများသည် မိမိတို့၏ မိခင်များကို အမှတ်တရပစ္စည်းလေးများဝယ်ယူ၍ လက်ဆောင်ပေးကြပါသည်။
          အမေများနေ့သည် မွေးဖွားပေးခဲ့သော မိခင်အပေါ်ကျေးဇူးသိတတ်နားလည်ခြင်းဟူသော ခံစားမှုကိုကိုယ်စားပြုသည့် နေ့တစ်နေ့ဖြစ်သောကြောင့် နှစ်သက်ကြည်နူးဖွယ်ရာပင်ဖြစ်ပါသည်။
Credit: internet