ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
အိမ်ထောင်စုတစ်စုဆီကို ယန်း ၃၀၀,၀၀၀ ($2800) ဖြင့်ထောက်ပံ့ပေးသွားမည့် အစီအစဉ်
  • စုစည်းမှု့ - News
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 03-04-2020
  • View - 937

  • အကြောင်းအရာ အကျဥ်း

    Covid-19 ကြောင့် ငွေကြေးအခက်အခဲရင်ဆိုင်နေရသော အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုဆီကို ယန်း ၃၀၀,၀၀၀ ($2800) ဖြင့်ထောက်ပံ့ပေး

အိမ်ထောင်စုတစ်စုဆီကို ယန်း ၃၀၀,၀၀၀ ($2800) ဖြင့်ထောက်ပံ့ပေးသွားမည့် အစီအစဉ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe က Covid-19 ကြောင့် ငွေကြေးအခက်အခဲရင်ဆိုင်နေရသော အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုဆီကို ယန်း ၃၀၀,၀၀၀ ($2800) ဖြင့်ထောက်ပံ့ပေးသွားမည့် အစီအစဉ်ကိုယနေ့ဧပြီလ(၃)ရက်၊ သောကြာနေ့တွင် အတည်ပြုခဲ့ပါတယ်။

ထိုအရေးပေါ်ငွေကြေးထောက်ပံ့မှုအစီအစဉ်အတွက် အသုံးပြုသွားမည့်ငွေကြေး budget ဟာဆိုရင် ယခုနှစ် Fiscal year (ဘဏ္ဍာရေးနှစ်) အတွက် ကြိုတင်လျာထားတဲ့ ငွေကြေးဖြစ်ပြီး ၂၀၀၈ခုနှစ်ကမ္ဘာ့စီးပွားရေးကပ်ဆိုက်ချိန်တွင်ထောက်ပံ့ပေးခဲ့တဲ့ပမာဏထက်ပို၍များပြားမည်ဟုလည်းသိရှိရပါတယ်။ ထိုထောက်ပံ့မှုအစီအစဉ်ကို Golden Week Holidays (ဂျပန်နိုင်ငံအစိုးရရုံးပိတ်ရက်များ) မတိုင်ခင် စတင်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအစိုးရမှ အိမ်ထောင်စုများသာမက အခက်အခဲရင်ဆိုင်နေရသော အလယ်အလတ် စီးပွါးရေးလုပ်ငန်းနှင့် စီးပွါးရေးလုပ်ငန်းငယ်လေးများအားလည်း ထောက်ပံ့သွားမှာဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့မှုအစီအစဉ်ဟာငွေကြေးအခက်အခဲရင်ဆိုင်နေရသော အိမ်ထောင်စုများနှင့် စီးပွါးရေးလုပ်ငန်းများအား မြန်နိုင်သမျှ အမြန်ဆုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်စေရန် ရည်ရွယ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe မှ ပြောကြားခဲ့ပါတယ်။

https://english.kyodonews.net/news/2020/04/7da7d45bcdaa-breaking-news-japan-govt-mulls-giving-200000-yen-in-cash-to-each-household-in-need.html

Source : Kyodonews

crd mmkizuna