COVID - 19 ရောဂါ ကာကွယ်ရေးအတွက် သင်တန်းကျောင်းခေတ္တပိတ်မည်ဖြစ်ကြောင်း
COVID - 19 ရောဂါ သည် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း WHO မှကြေညာထားသည်။ အဆိုပါကပ်ရောဂါသည် လူစုလူဝေးများမှတဆင့်လျှင်မြန်စွာကူးစက်နိုင်ပါသောကြောင့် သင်တန်းကျောင်းများအား ဧပြီလ ၃၀ ရက်နေ့အထိ ခေတ္တပိတ်ထားရန် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာထားပါသည်။
မိမိတို့ကျောင်းအနေဖြင့် အထက်ပါထုတ်ပြန်ချက်အားလိုက်နာသည့်အနေဖြင့် ၎င်းရက်များအထိ သင်တန်းကျောင်းအား ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအား အသိပေးကြေညာအပ်ပါသည်။
မှတ်ချက်။ ။ သင်တန်းကျောင်းပြန်လည်ဖွင့်လှစ်မည့် ရက်အား ပြန်လည်ကြေညာပေးသွားမည်ဖြစ်ပါမည်။