ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်ရိုးရာစားစရာ
  • စုစည်းမှု့ - Food
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 14-03-2020
  • View - 1445

  • အကြောင်းအရာ အကျဥ်း

    Dango ဟုခေါ်သော မုန့်ဖြစ်ပါသည်။ ဂျပန်နိုင်ငံရှိအချို့ရပ်ကွက်တွင် မိရိုးဖလာလက်ဆင့်ကမ်းလုပ်ကိုင်ခဲ့ကြသည့် အိမ်ဆိုင်လေးများရှိပါသည်။

ဂျပန်ရိုးရာစားစရာ

ဂျပန်ရိုးရာစားစရာ

ဂျပန်နှင့်မြန်မာနိုင်ငံတွင် ရိုးရာဓလေ့အားဖြင့် အစားအစာနှင့်ပတ်သက်လျှင် အချို့နေရာများတွင် အတော်လေးဆင်တူသော အရာအချို့ရှိနေကြပါသည်။

မြန်မာနှစ်သစ်ကူးသင်္ကြန်အချိန်အခါမှာ စားလေ့ရှိသော
ကပ်ကျော်သည်ဆိုသည့် မြန်မာ့ရိုးရာစားစရာမုန့်ဖြစ်သည့်
မုန့်လုံးရေပေါ်နှင့်ဆင်တူသော မုန့်တစ်မျိုး ဂျပန်နိုင်ငံမှာရှိသည်ဟုဆိုရလျှင် အံ့သြသွားကြမည်လား။

Dango ဟုခေါ်သော မုန့်ဖြစ်ပါသည်။ ဂျပန်နိုင်ငံရှိအချို့ရပ်ကွက်တွင် မိရိုးဖလာလက်ဆင့်ကမ်းလုပ်ကိုင်ခဲ့ကြသည့် အိမ်ဆိုင်လေးများရှိပါသည်။ အဆိုပါမုန့်ဆိုင်လေးများတွင် ဗန်းလေးထဲထည့်၍ ယန်း ၁၀၀ မှ ၂၀၀ အတွင်း ရောင်းချတတ်လေ့ရှိသည့် Dango သည် ဂျပန်လူမျိုးများနှစ်သက်ကြရုံသာမက မြန်မာလူမျိုးများအတွက်တော့ မုန့်လုံးရေပေါ်အလွမ်းပြေစားကြသော မုန့်လည်းဖြစ်ပါသည်။ ထို့အပြင် 7 ELEVEN ကဲ့သို့စတိုးဆိုင်လေးများတွင်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

မုန်နှစ်အဖြူလုံးလေးများကိုထန်းလျက်ရည်ကဲ့သို့အချိုရည်ကိုဆမ်းထားပြီး မုန့်လုံးအပေါ်ယံသား လေးများကို အတန်ငယ်မီးကျွမ်းရာလေးများမြင်ရအောင်မီးကင်ထားသော Dango ကို တုတ်ဖြင့်သီတံလေးများထိုးထားသည်မှာ စားချင့်စဖွယ်ဖြစ်သလို အမှန်တကယ်စားကြည့်လျှင်လည်း အရသာရှိလှပါသည်။

Photo Credit: Internet