ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်နိုင်ငံမှာ လုံခြုံစိတ်ချမှု ကောင်းမွန်လွန်းနေတဲ့အတွက် နိုင်ငံခြားသားတွေ စဉ်းစားဖို့ခက်တဲ့ အကြောင်းအရာများ
  • စုစည်းမှု့ - Tradition/Culture/Life
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 14-01-2020
  • View - 1375

  • အကြောင်းအရာ အကျဥ်း

    ဂျပန်နိုင်ငံရဲ့ မြို့လည်ခေါင်မှာဆို အကွာအဝေး အနည်းငယ်သာခြားပြီး ထားထားတဲ့ အလိုအ‌‌လျောက်စျေးရောင်းစက်တွေ တန်းစီနေပါတယ်။

ဂျပန်နိုင်ငံမှာ လုံခြုံစိတ်ချမှု ကောင်းမွန်လွန်းနေတဲ့အတွက် နိုင်ငံခြားသားတွေ စဉ်းစားဖို့ခက်တဲ့ အကြောင်းအရာများ

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကောင်းမွန်မှု အချက်သည် အလွန်ကျော်ကြားသည်။ လုံခြုံစိတ်ချမှု ကောင်းမွန်လွန်းသောကြောင့် ဂျပန်နိုင်ငံသို့ ပထမဉီးဆုံးအကြိမ် လာတဲ့ နိုင်ငံခြားသားတွေအတွက်ကတော့ ဂျပန်နိုင်ငံမှာ စဉ်းစားဖို့ခက်တဲ့ အပြုအမူ နေထိုင်မှုများလည်းရှိပါတယ်။

ကလေးငယ်များ မိဘမပါပဲ ကျောင်းသွားခြင်း

က‌လေးငယ်လေးများ မိဘမပါပဲ ‌ကျောင်းသွားနေတဲ့ မြင်ကွင်းပုံရိပ်တွေဟာ ဂျပန်လူမျိုးတွေအနေနဲက နေ့စဉ်ပုံမှန်မြင်နေကြဖြစ်တဲ့ မြင်ကွင်းတွေပါပဲ ။ နိုင်ငံခြားသားတွေအနေနဲ့ ကြည့်မယ်ဆိုရင် စဉ်းစားလို့လိုက်မမှီအောင်ပါပဲ ။ နိုင်ငံခြားမှာဆိုရင် ကလေးတွေကို ရာဇဝတ်မှုမှ ကာကွယ်ရန်အတွက် ကျောင်းကားဖြင့် အကြိုအပို့ လုပ်ကြတာ ပုံမှန်ပါပဲ ။ ကျောင်းကားမစီးတဲ့သူတွေကတော့ မိဘတွေက ကျောင်းအထိ သေချာ လိုက်ပို့ လိုက်ကြိုပါတယ်။ အကယ်၍ က‌လေးတွေအနေနဲ့ အဲလိုမျိုးကြုံရတဲ့အခါ မိဘကို ဖမ်းဆီး အရေးယူခြင်း ၊ ဒဏ်ငွေဆောင်ခိုင်းခြင်းစတဲ့အပြစ်ပေးတဲ့ နိုင်ငံများလည်း ရှိပါတယ်။

Japan Ready Functions

Convenience Store ဆိုင်ရှေ့က ထီး

Convenience Store ဆိုင်ရှေ့က ထီးထည့်သည့် စင်က ဘာထူးဆန်းလို့လည်းလို့ ဂျပန်လူမျိုးအများစု ထင်နေပါလိမ့်မယ်။ နိုင်ငံခြားသားတွေအနေနဲ့ ကြည့်ရင်တော့ ဘာလို့ ထီးတွေကို ဒီအတိုင်းထားထားတာလဲ ။ အခိုးခံရမှာပေါ့လို့ ထင်ကောင်း ထင်မြင်နေနိုင်ပါတယ်။

အလိုအလျောက်စျေးရောင်းသည့်စက်

နိုင်ငံခြားမှာ အလိုအလျောက် စျေးရောင်းသည့်စက်တွေရှိနေပြီး တိုးတက်နေတဲ့ နိုင်ငံတွေရှိပေမဲ့ ဂျပန်နိုင်ငံလောက်တော့ မများပြားပါဘူး။ ဂျပန်နိုင်ငံရဲ့ မြို့လည်ခေါင်မှာဆို အကွာအဝေး အနည်းငယ်သာခြားပြီး ထားထားတဲ့ အလိုအ‌‌လျောက်စျေးရောင်းစက်တွေ တန်းစီနေပါတယ်။ လူသွားလူလာမရှိတဲ့ ကျေးလက်ဒေသရဲ့ ‌တောင်လမ်းတွေမှာတောင် အဲ့ဒီစက်တွေကို တပ်ဆင်ထားပါတယ်။ ဂျပန်နိုင်ငံရဲ့ အလိုအလျောက် စျေးရောင်းတဲ့ စက်တွေမှာ ရေဗူးများအပြင် ဆန် ၊ အသီးအနှံတို့ကိုလည်း စက်ကနေ ရောင်းချတာတွေရှိပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ အဆင်ပြေပြီး နှစ်သက်ကြပေမဲ့ နိုင်ငံခြားမှာဆိုရင် အခိုးခံရမှာဆိုတဲ့ ထင်မြင်ချက်များလည်း ရှိပါတယ်။

auto sale machine in japan

လက်ကိုင် ပိုက်ဆံအိတ်ရှည်ကို တင်ပါးနောက်က အိတ်ကပ်ထဲသို့ ထည့်ထားခြင်း

နိုင်ငံခြားမှာတော့ တင်ပါးနောက်က ဘောင်းဘီအိတ်ကပ်ထဲကို ထည့်ထားတဲ့ လက်ကိုင်ပိုက်ဆံအိတ် အပေါ်ပိုင်းက ထွက်နေလျှင် ခိုးယူပါလို့ ပြောနေတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာတော့ အိတ်ကပ်ထဲကနေ ခါးပိုက်နှိုက်ခံရတာ မရှိဘူးသလောက်ကို နည်းပါတယ်။

ရထား နဲ့ ဘတ်စ်ကားပေါ်တွင် အိပ်ငိုက်ခြင်း

ရထား နဲ့ ဘတ်စ်ကားပေါ်မှာ အိပ်ပျော်သွားတဲ့ အတွေ့အကြုံမရှိဘူးလို့ ဆိုတဲ့ ဂျပန်လူမျိုးတွေ မရှိသလောက်ပါပဲ ။ နိုင်ငံခြားသားတွေဘက်ကနေ ကြည့်မယ်ဆိုရင် စဉ်စားလို့လိုက်မမှီတဲ့ အပြုအမူပါပဲ ။ နိုင်ငံခြားမှာ ရထားတို့ ဘတ်စ်ကားတို့ရဲ့ အများပြည်သူသွားလာနေတဲ့နေရာမှာ အိပ်ပျော်သွားတယ်ဆိုရင် ပထမဉီးစွာ ပါလာတဲ့ပစ္စည်းတွေ ပျောက်ကုန်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မဟုတ်တဲ့ အပြင်မှာ ဂျပန်လူမျိုးတွေက အိပ်ပျော်တယ်ဆိုတာ မယုံနိုင်‌အောင် လောက်ပါပဲ။ဒါဟာ လုံခြုံရေးကောင်းမွန်လို့ လို့ပြောတဲ့ ထင်မြင်ချက်ကောင်းများလည်း ရှိသလို အကာအကွယ်မဲ့တယ် ၊ အလုပ်လွန်ကျွံစွာလုပ်လွန်းတယ်လို့ မြင်တဲ့ အမြင်များလည်းရှိပါတယ်။

 

Photo  : Internet