ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်လူမျိုးတို့၏ တန်းစီခြင်းယဉ်ကျေးမှု
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 07-01-2020
  • View - 1495

  • အကြောင်းအရာ အကျဥ်း

    ဂျပန်လူမျိုးတို့၏ တန်းစီခြင်းစနစ်အား ကောင်းမွန်စွာအတုယူကျင့်သုံးသင့်

ဂျပန်လူမျိုးတို့၏ တန်းစီခြင်းယဉ်ကျေးမှု

ဂျပန်လူမျိုးများသည် ရထားစောင့်သည့်အခါ၊ ဘတ်စ်ကားစေရင့်သည့်အခါ၊ ဈေးဝယ်သည့်အခါ၊ လူအများဖြင့်စောင့်ဆိုင်းပြုလုပ်ရမည့်အခါတိုင်းမှာ တန်းစီခြင်းနှင့်အလှည့်ကျဦးရာလူစနစ်ကို စည်ကမ်းတကျကျင့်သုံးကြပါသည်။ ဆူနာမီ၊ ငလျင်ကဲ့သို့သော ဘေးဒုက္ခအန္တရာယ်ကြောင့် အစာရေစာကိုစောင့်ဆိုင်းဝယ်ယူရသည့်နေရာမျိုးမှာပင်လျှင် အိန္ဒြေရှိရှိစောင့်ဆိုင်းဝယ်ယူတတ်ကြပါသည်။ စောင့်ဆိုင်းရာတွင်လည်း စာဖတ်ရင်းနှင့်ဖြစ်စေ၊ ဖုန်းကြည့်ရင်းနှင့်ဖြစ်စေ အေးအေးလူလူစောင့်ဆိုင်းကြပါသည်။ ဂျပန်နိုင်ငံကဲ့သို့ အချိန်နှင့်အမျှပြေးလွှားနေရသော နေရာမျိုးမှာတွင်ပင် စောင့်ဆိုင်းရမည်ဆိုသည့်စည်းကမ်းအား ကောင်းမွန်စွာ လိုက်နာကြပါသည်။

ထို့ကြောင့်တိတ်တိတ်ဆိတ်ဆိတ်အိန္ဒြေရရဖြင့် အငြင်းပွားရန်ဖြစ်စရာမလိုဘဲ တစ်ဦးချင်းအလှည့်ကျအဆင်ပြေပြေဖြင့်လုပ်ဆောင်နိုင်ကြပါသည်။ ဒါသည် လူ့ကျင့်ဝတ်အခြေခံအားဖြင့် လူအချင်းချင်းအပြန်အလှန်လေးစားမှု၊ မျှမျှတတရှိမှုကိုဖော်ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ်ဟု ဆိုရလျှင်မှားအံ့မထင်ပါ။

မည်သူမဆို မိမိစောင့်ဆိုင်းရသည့်အချိန်အတွက် မိမိအလှည့်ကိုရောက်စေချင်လိုကြသူများသာဖြစ်သည်။ ထိုအထဲတွင်မှ ကြားဖြတ်ဝင်လာကြသူများကိုမြင်လိုက်ရလျှင် မိမိခံစားချက်ကိုအရင်သုံးသပ်ကြည့်ပါ။ ကျေနပ်စွာအသာတကြည်ကြားဖြတ်ခွင့်ပေးချင်သလား။ မပေးချင်ကြပါ။ စောင့်ဆိုင်းရသည်မှာကြာသည်နှင့်အမျှမိမိစောင့်ဆိုင်းနေရသည့်အချိန်များကိုမှ အားမနာပါးမနာ မိမိကဲ့သို့အချိန်ယူစောင့်ဆိုင်းခြင်းကိုပြုလုပ်ခြင်းမရှိပါဘဲ ကြားဖြတ်ဝင်သူသည် အချောင်ခိုသည့်စိတ်ဓာတ်မျိုးဟု တွေးမိမည်သာဖြစ်ပါသည်။

ဒါတင်သာမက ထိုကဲ့သို့သောအပြုအမူမျိုးကို လူမှုပတ်ဝန်းကျင်တွင် လုံးဝလက်မခံနိုင်ပါဟူသော ဆန့်ကျင်မှုမျိုးကိုလည်းပြုလုပ်ဖို့လိုအပ်ပါသည်။ စာရေးသူဂျပန်ရောက်ကာစ တန်းစီခြင်းနှင့်နေသားမကျသောအခြေအနေတစ်ရပ်တွင် Casher Counter မှ ဝန်ထမ်း၏ တန်းစီပေးပါဟူသောစကားသံနှင့် ဂျပန်လူမျိုးတို့၏ မနှစ်မြို့သောအကြည့်စူးစူးများကို ကြုံခဲ့ဖူးသည့်အချိန်မှစ၍ မည်သည့်နေရာတွင်မဆို စနစ်တကျတန်းစီစောင့်ခြင်းအလေ့အထကို ကောင်းမွန်စွာသင်ယူတတ်မြောက်ခဲ့ပါသည်။

အရင်ရောက်သူကအရှေ့တွင်ရှိပြီးစောစောရယူမည်။ နောက်ကျမှရောက်သည့်သူက နောက်ကျမှရမည်။ ဒါသည်တရားမျှတမှုရှိသော ရလဒ်တစ်ခုဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ လူအယောက် ၂၀ ခန့်သော အုပ်စုတစ်စုသည် စနစ်တကျတန်းစီခြင်းမရှိဘဲ အားလုံးဝိုင်းအုံ၍ စုပြုံတိုးနေပြီဆိုကြပါစို့။ ကောင်းမွန်သောမြင်ကွင်းမဟုတ်သလို အချင်းချင်းတိုးမိတိုက်မိကြရမှာ ထိခိုက်ဒဏ်ရာရခြင်း၊ ရန်ဖြစ်ခြင်းတို့ဖြစ်ပွားနိုင်သည့်အပြင် မြင်ရသူများအဖို့မှာလဲ စိတ်မသက်သာဖွယ်၊ ယဉ်ကျေးမှုမရှိဖွယ်ရာပင်ဖြစ်သည်။

ထိုလူအယောက် ၂၀ မှ အစဉ်လိုက်အတိုင်းတန်းစီ၍ အလှည့်ကျစီရယူကြမည်ဆိုပါက အဆိုပါစုပြုံတိုးဝှေ့၍ရယူကြသောအချိန်ထက်ပိုမိုမြန်ဆန်သည့်အပြင် သက်တောင့်သက်သာရှိရှိအဆင်ပြေပြေနှင့်ရယူနိုင်သည်ကို မြင်တွေ့ခံစားကြရမည်ဖြစ်ပါသည်။

ထို့ကြောင့် ယဉ်ကျေးမှုအဆင့်အတန်းတစ်ရပ်ကိုကောင်းမွန်စွာဖော်ပြပေးနိုင်ရုံသာမက အားလုံးအတွက် တန်းတူညီမျှအခွင့်အရေးဖြင့်ကျေနပ်မှုရရှိနိုင်ကြမည့် ဂျပန်လူမျိုးတို့၏ တန်းစီခြင်းစနစ်အား ကောင်းမွန်စွာအတုယူကျင့်သုံးသင့်သည်ဟု ခံစားမိပါသည်။

 Credit: Internet