ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ( သို့ ) တာဒရှိရနာအိ ( 柳井 正 )
  • စုစည်းမှု့ - News
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 03-01-2020
  • View - 2413

  • အကြောင်းအရာ အကျဥ်း

    အမေရိကန်နိုင်ငံ၏ စီးပွားရေး စာဆောင်ဖြစ်တဲ့ ဖိုဘ့်မဂ္ဂဇင်း၏ ( ၂၀၁၉ )ခုနှစ် ဇွန်လရဲ့ စစ်တမ်းကောက်ချက်အရ တာဒရှိဟာ အမေရိကန်ဒေါ်လာ သန်း ( 24'900 ) ဝန်းကျင် ပိုင်ဆိုင်မှုဖြင့် ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာတွင် ( ၃၁ )ယောက်မြောက် အချမ်းသာဆုံး စာရင်းဝင်ဖြစ်လာသည်။

ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ( သို့ ) တာဒရှိရနာအိ ( 柳井 正 )

ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ( သို့ ) တာဒရှိရနာအိ ( 柳井 正 )

တာဒရှိကို ဂျပန်နိုင်ငံ ရာမဂုချိ စီရင်စုနယ် အုဘိရှိမြို့တော်တွင် ( ၁၉၄၉ ) ခုနှစ် ဖေဖေါ်ဝါရီလ ( ၇ ) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံ၏ အချမ်းသာဆုံး ဘီလျံနာပုဂ္ဂိုလ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်။

UNIQLO အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ကမ္ဘာအနှံ့ဖြန့်ချိရာ Fast Retailing ကုမ္ပဏီ၏ တည်ထောင်သူဖြစ်ပြီး ဥက္ကဋ္ဌလည်း ဖြစ်တယ်။

အမေရိကန်နိုင်ငံ၏ စီးပွားရေး စာဆောင်ဖြစ်တဲ့ ဖိုဘ့်မဂ္ဂဇင်း၏ ( ၂၀၁၉ )ခုနှစ် ဇွန်လရဲ့ စစ်တမ်းကောက်ချက်အရ တာဒရှိဟာ အမေရိကန်ဒေါ်လာ သန်း ( 24'900 ) ဝန်းကျင် ပိုင်ဆိုင်မှုဖြင့် ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာတွင် ( ၃၁ )ယောက်မြောက် အချမ်းသာဆုံး စာရင်းဝင်ဖြစ်လာသည်။

တာဒရှိဟာ အုဘိရှိ အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး ဝဆဲ့ဒတက္ကသိုလ်မှာ စီးပွားရေးနှင့် နိုင်ငံရေးသိပွံဖြင့် ဘွဲ့ရရှိခဲ့တယ်။

( ၁၉၇၁ )ခုနှစ်တွင် တာဒရှိဟာ ဂျက်စ်ကော့ စူပါမားကတ်တွင် အမျိုးသားဝတ် အထည်နှင့် မီးဖိုချောင်းသုံးပစ္စည်းများကို ရောင်းချခြင်းဖြင့် စီးပွားရေးလုပ်ငန်းကို စတင်ခဲ့တယ်။

ထိုရောင်းဝယ်ခြင်းလုပ်ငန်းကို တစ်နှစ်နေပြီးနောက် သူက ရပ်နားခဲ့ပြီး ဖခင်ဖြစ်သူရဲ့ စက်ချုပ်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

တာဒရှိဟာ ( ၁၉၈၄ )ခုနှစ်တွင် ဟီရိုရှိမားတွင် Uniqulo အမှတ်တံဆိပ်ဖြင့် စတိုးဆိုင်ဖွင့်လှစ်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ အိုဂိုရိ ရှော့ဂျိ အမည်ရတဲ့ကုမ္ပဏီအမည်ကို Fast Retailing အဖြစ် ( ၁၉၉၁ )ခုနှစ်တွင် အမည်ပြောင်းလဲ့ခဲ့တယ်။

One Win, Nine Losses အမည်ရတဲ့ စာအုပ်ကို ( ၁၉၉၁ )ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး Throw Away Your Success in a Day လို့ အမည်ရတဲ့ စာအုပ်ကိုလည်း ( ၂၀၀၉ )ခုနှစ်တွင် ထုတ်ဝေခဲ့ပါတယ်။

( ၂၀၁၂ ) ခုနှစ်တွင် အမေရိကန်နိုင်ငံ ဘလွန်ဘာဂ်စီးပွားရေး မဂ္ဂဇင်းရဲ့ စာရင်းပြုစုချက်အရ တာဒရှိဟာ ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ( ၅၀ )တွင် တစ်ဦးအဖြစ် ပါဝင်ခြင်းခံရလာတယ်။

အမေရိကန်နိုင်ငံ အမျိုးသားလက်လီရောင်းချခြင်း အဖွဲ့အစည်းက ပေးအပ်တဲ့ ( ၂၀၁၀ ) ခုနှစ် နိုင်ငံတကာ လက်လီဖြန့်ချိနိုင်တဲ့ ဆုကို ရရှိခဲ့တယ်။

( ၂၀၀၈ ) နှင့် ( ၂၀၀၉ ) ခုနှစ်များတွင် တာဒရှိဟာ ဆန်နိုအင်စတီကျု၏ စီမံခန့်ခွဲမှုဖြင့် ဂျပန်ကော်ပိုရေးရှင်း အလုပ်အမှုဆောင်အဖွဲ့ရဲ့ လေ့လာချက်အရ အကောင်းဆုံး ကုမ္ပဏီဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရတယ်။

( ၂၀၁၁ ) ခုနှစ် မတ်လတွင် တာဒရှိဟာ ဂျပန်နိုင်ငံတွင် ( ၆ ) မိနစ်ကြာဖြစ်ပွားခဲ့သော ငလျင်အတွက် ဂျပန်ယန်းငွေ သန်း ( ၁၀၀၀ ) လှူဒါန်းခဲ့တယ်။

တာဒရှိရဲ့ လူသိများတဲ့ ပြောစကားက" ကျနော်ကို အောင်မြင်နေတဲ့လူလို့ မြင်ကောင်းမြင်နိုင်ပေမယ့် များစွာသော အမှားတွေကို ကျနော်လည်း ပြုလုပ်ဖူးပါတယ်။ လူတွေဟာ အရှုံးနဲ့ ရင်ဆိုင်ရရင် ဆက်မလုပ်ချင်တော့ဘူး။ ခင်ဗျားဟာ ယုံကြည်မှုရှိပြီး အကောင်းမြင်တက်ရင် တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ အောင်မြင်လာလိမ့်မယ် "
Source - Wikipedia