ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
အခြားနိုင်ငံကလူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့် များ အပိုင်း (၃)
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 02-01-2020
  • View - 2482

  • အကြောင်းအရာ အကျဥ်း

    ယဥ်ကျေးမှုကွဲပြားရင် အတွေးအခေါ်တွေလည်း ကွဲပြားနိုင်ပါတယ်။ဂျပန်လူမျိုးတွေအတွက် သမားရိုးကျလို့ ထင်ရပေမယ့် နိုင်ငံခြားသားတွေအတွက် အထူးအဆန်းဖြစ်နေတဲ့အရာတွေ ရှိနေပါတယ်။

အခြားနိုင်ငံကလူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့် များ အပိုင်း (၃)

တန်းတူညီမျှယဥ်ကျေးမှု

ဂျပန်နိုင်ငံမှာ တန်းတူညီမျှဖြစ်ခြင်းကို အလွန်အလေးအနက်ထားပြီး အဲ့ဒီအယူအဆကနေ ကွဲထွက်နေသူကိုလည်း ထူးဆန်းတဲ့လူအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။

ဒါပေမယ့် အခြားနိုင်ငံတွေမှာတော့ ကိုယ့်ရဲ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောပြီး မိမိရဲ့ယုံကြည်မှုကို တန်ဖိုးထားကြပါတယ်။

ဒါ့ကြောင့် နိုင်ငံခြားသားတွေအနေနဲ့ ဂျပန်လူမျိုးအားလုံးဟာ တူညီတဲ့အသွင်သဏ္ဏာန်တွေရှိနေတာ ဘာ့ကြောင့်လဲ၊ မိမိရဲ့အတွေးအမြင်တွေကို မျိုသိပ်ပြီး တခုတည်းသော အတွေးအမြင်ကိုပဲလိုက်နာနေကြတာ ဘာ့ကြောင့်လဲဆိုတာ နားလည်နိုင်ဖို့ ခဲယဥ်းပါလိမ့်မယ်။

တန်းတူညီမျှ ယဥ်ကျေးမှု့

မိုးဖွဲဖွဲလေးကျရုံနဲ့ တင်ထီးဆောင်းတာ

နိုင်ငံခြားသားတွေလည်း မိုးရွာရင်ထီးဆောင်းကြတယ်ဆိုပေမယ့် ဂျပန်လူမျိုးအများစုကတော့ မိုးဖွဲလေးကျရုံနဲ့တင် ထီးဆောင်းတတ်ပါတယ်။

ဒါဟာလည်း ဂျပန်လူမျိုးတွေကို နိုင်ငံခြားသားတွေက ထူးဆန်းတယ်လို့ အထင်ခံရတဲ့ အချက်၁ချက်ပါပဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအမျိုးမျိုးပေးကြပေမယ့် ဂျပန်နိုင်ငံဟာ စိုထိုင်းဆမြင့်မားပြီး

ရေစိုတစ်ကြိမ်စိုရင် အခြားနိုင်ငံတွေလို အချိန်တိုအတွင်းမှာ မခြောက်နိုင်တာကြောင့် မိုးဖွဲလေးကျရုံနဲ့တင် ထီးဆောင်းတာဖြစ်မယ်ဆိုတဲ့ထင်မြင်ချက်ကတော့ အပြောများပါတယ်။

Warikan

စားသောက်ဆိုင်လိုနေရာမျိုးမှာ အဖွဲ့လိုက် သွားစားကြတဲ့အခါ ကျသင့်တဲ့စာရင်းကို အချိုးကျရှင်းရတဲ့ warikan စနစ်

ဒိတ်လုပ်ကြတဲ့အခါ သေချာပေါက် ယောကျ်ားလေးကသာ ငွေရှင်းတာ၊  အထက်လူကြီးကပဲ ငွေရှင်းပေးရတာမျိုး မဟုတ်ပဲ warikan  စနစ်နဲ့ရှင်းတာဟာ ဂျပန်နိုင်ငံတစ်ခုတည်းမှာသာရှိတဲ့ အလေ့အထတော့မဟုတ်ပါဘူး။ warikan စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေတော်တော်များများရှိပါတယ်။

ဒါပေမယ့် တစ်ချို့နိုင်ငံတွေကတော့ သူငယ်ချင်းတွေ အတူတူစားကြတာဆိုရင် တစ်ယောက်ယောက်က ဝယ်ကျွေးရမယ် မဟုတ်လားလို့ ခံယူထားပြီး သူတို့ကတော့ warikan ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာလို့

ထင်မြင်ကြပါတယ်။

Japan Warikah Culture

 

ဆိုင်ဝန်ထမ်းကို အသံကျယ်ကျယ်နဲ့ ခေါ်ရတာ

ဂျပန်နိုင်ငံက ဆိုင်တော်တော်များများမှာ တစ်ခုခုမှာချင်ရင် (Sumimasen) လို့ ပြောပြီး အသံကျယ်ကျယ်နဲ့ ဆိုင်ဝန်ထမ်းတွေကို ခေါ်ရပါတယ်။

နိုင်ငံခြားမှာဆိုရင် ဆိုင်ဝန်ထမ်းတွေက ဆိုင်ကို အမြဲတမ်းကြည့်နေတဲ့အတွက် Eye Contact လုပ်ရုံနဲ့ ဆိုင်ဝန်ထမ်းက အပြေးအလွှားရောက်လာမှာပါ။

ဒါကြောင့် ဆိုင်ဝန်ထမ်းကို အသံကျယ်ကြီးနဲ့အော်ခေါ်ရတဲ့စနစ်ကို နိုင်ငံခြားသားတော်တော်များများက ကြောင်တောင်တောင်နိုင်တယ်လို့ တွေးကြပါတယ်။

ဒါကြောင့်မို့ ဂျပန်နိုင်ငံရဲ့  Yobidashi Botanလို့ခေါ်တဲ့ Call Buttonကတော့ နိုင်ငံခြားသားတွေအတွက် သဘောကျနှစ်ခြိုက်ကြရတဲ့ အရာတစ်ခုပါ။

ဆိုင်၀န်ထမ်းကို အသံကျယ်ကျယ်နဲ့  ခေါ်ရပါတယ်။

 

Photo Source : Internet | Translated From : business-textbooks.com