ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
အခြားနိုင်ငံကလူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့် များ အပိုင်း (၂)
  • စုစည်းမှု့ - Learn Japanese
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 02-01-2020
  • View - 2639

  • အကြောင်းအရာ အကျဥ်း

    နောက်ဆုံးရထားချိန်ထိ အလုပ်လုပ်ပြီး မနက်နိုးတာနဲ့ အလုပ်ကိုသွားတဲ့ ဂျပန်နိုင်ငံရဲ့ အရမ်း အလုပ်လုပ်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ထူးဆန်းတယ်လို့  ထင်မြင်ကြပါတယ်

အခြားနိုင်ငံကလူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့် များ အပိုင်း (၂)

ဂျပန်လူမျိုးတို့၏ အလုပ်လုပ်ပုံလုပ်နည်း

ဂျပန်လူမျိုးတို့သည် အလုပ်နှင့်ပတ်သက်ရင် အလေးအနက်ထားပြီး စနစ်တကျလုပ်တဲ့ အလေ့အကျင့်က ကောင်းမွန်တယ်လို့ အပြုသဘောနဲ့မြင်တဲ့ အမြင်တွေလည်း ရှိသလို အချိန်ပိုတွေ အရမ်းလုပ်ပြီး လေးတိလေးကန်နဲ့ အလုပ်လုပ်လွန်းတယ်လို့ ပြောတဲ့ မကောင်းမြင်တဲ့ အမြင်များလည်းရှိပါတယ်။

လွန်ကျွံစွာ အလုပ်လုပ်ခြင်း

ယခင်အချိန်တုန်းကနှင့် ယှဉ်လိုက်ပါက အချိန်ပိုကြေး ပေးပြီးခိုင်းတဲ့ ကုမ္ပဏီတွေလည်းရှိပြီး အချိန်ပိုစနစ်ကို တတ်နိုင်သလောက်လျော့ချနေတဲ့ ကုမ္ပဏီများလည်း များလာပါတယ်။ သို့သော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် ဝန်ထမ်းတစ်ယောက်၏ အချိန်ပို လုပ်တဲ့အချိန်သည် ဂျပန်နိုင်ငံသည် ထိပ်ဆုံးမှဖြစ်သည်။ အခြားနိုင်ငံများမှာ အလုပ်သမားတွေရဲ့ အခြေခံလစာဈေးနှုန်းကို သေချာမပေးချေဘူးဆိုရင် အရင်ဉီးဆုံး အလုပ်သမားတွေက အလုပ်ဆက်မလုပ်တော့ပါဘူး။ ဒါ့အပြင် တဘက်မှာလည်း အချိန်ပိုကြေးပေးသော်ငြားလည်း မိသားစု နဲ့ ကိုယ်ပိုင် အချိန်တွေကိုလျော့ပြီး အလုပ်လုပ်မယ်လို့ မတွေးထားတဲ့ နိုင်ငံတွေ အများအပြားရှိပါတယ်။ အဲ့ဒီအတွက် နောက်ဆုံးရထားချိန်ထိ အလုပ်လုပ်ပြီး မနက်နိုးတာနဲ့ အလုပ်ကိုသွားတဲ့ ဂျပန်နိုင်ငံရဲ့ အရမ်း အလုပ်လုပ်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ထူးဆန်းတယ်လို့  ထင်မြင်ကြပါတယ်။

လေးတိလေးကန် အလုပ်လုပ်ခြင်း

အပေါ်မှာမိတ်ဆက်ပေးထားတဲ့အတိုင်း အချိန်ကြာမြင့်စွာ အလုပ်လုပ်တဲ့စနစ်မှာ အလုပ်ရဲ့ အနှစ်သာရက လျော့နည်းတယ်လို့ ခံစားရတယ်လို့ ထင်နေပါတယ်။ ဂျပန်နိုင်ငံရဲ့ အစည်းအဝေးတွေထဲမှာ အိပ်ငိုက်တာတို့ဟာ အဲ့ဒီအချက်တွေရဲ့ အဓိက ဖြစ်တယ်လို့ထင်ပါတယ်။ လေးတိလေးကးန် အချိန်ဆွဲပြီးအလုပ်လုပ်မဲ့အစား နက်နဲတဲ့ အလုပ်တစ်ခုကိုလုပ်ပြီး မြန်မြန်အိမ်ပြန်တာက ကောင်းလိမ့်မယ်ထင်ပါတယ်။ အဲလိုမျိုး ထင်မြင်မိပေမဲ့ ကုမ္ပဏီနဲ့လိုက်ပြီး အိမ်ကို မြန်မြန်ပြန်တာဟာ အလုပ်မလုပ်ဘူးလို့ မြင်နေတဲ့ ဂျပန်လူမျိုးတွေရဲ့ အမြင်ဓလေ့ဖြစ်ပြီး  မြန်မြန်ပြန်ချင်ပေမဲ့လည်း မပြန်နိုင်တဲ့သူတွေရှိတယ် လို့ပြောတဲ့ ဆန့်ကျင်ဖက်အမြင်တွေလည်း ရှိပါတယ်။

 

 Job Interview Japan

အင်တာဗျုးမှာ မေးချင်တာတွေကို မမေးခြင်း

အခြားနိုင်ငံတွေမှာ လစာများများရတဲ့ ကုမ္ပဏီကို ပြောင်းကြတာ သာမန်ကိစ္စပါပဲ ။ ဂျပန်နိုင်ငံမှာတော့ လစာအပေါ်မှာ စိတ်ကျေနပ်မှုမရှိပေမဲ့ အလုပ်မပြောင်းတဲ့သူတွေ အများကြီးပါပဲ။ အင်တာဗျူးမှာ လစာကို မေးတဲ့ ဂျပန်လူမျိုးဆိုတာ မရှိသလောက် နည်းပါတယ်။ အခြားနိုင်ငံတွေမှာ သတ်မှတ်ထားတဲ့ လစာကို စိတ်ကျေနပ်မှု မရှိလျှင် မိမိကိုယ်တိုင် ညှိနှိုင်းတာ သာမန်ကိစ္စပါပဲ။ အခြားအကြောင်းအရာ အနေနဲ့ ဂျပန််နိုင်ငံရဲ့ အင်တာဗျူးတွေမှာ Skill (ကိုယ်ရည်ကိုယ်သွေး) တွေ ၊ အတွေ့အကြုံတွေထက် လူတစ်ယောက်ရဲ့  စိတ်နေသဘောထား အာရုံစိုက်တာတွေ ၊ အချိန်ကြာမြင့်စွာ အင်တာဗျူးတာတွေ စသဖြင့် အမျိုးမျိုးသော အချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ချင်တဲ့ နိုင်ငံခြားသား များစွာရှိပါတယ်။

ဓာတ်လှေခါး ပိတ်သွားတဲ့အထိ ခါးကိုကုန်းပြီး ဉီးညွတ် အရိုအသေပေးခြင်း

ဂျပန်နိုင်ငံမှာ လာတဲ့ဧည့်သည်ကို လိုက်ပို့တဲ့အခါ ဓာတ်လှေခါး ပိတ်တဲ့အထိ ခါးကိုကုန်းပြီး ဉီးညွတ် အရိုအသေပေး နှုတ်ဆက်တဲ့ ယဉ်ကျေးမှု ရှိပါတယ်။ တခြားနိုင်ငံတွေမှာ အဲ့လို ယဉ်ကျေးမှု မရှိတဲ့အတွက် မှန်ကန်တဲ့ ယဉ်ကျေးမှုလို့ ထင်မြင်တဲ့ဖက်နဲ့  လွန်စွာ ယဉ်ကျေးလွန်းတယ်လို့ ထင်မြင်တဲ့သူတွေက များပါတယ်။ ဒါ့အပြင် တက်စီကားပေါ်မှာ ထိုင်တဲ့နေရာ သတ်မှတ်ထားခြင်း စသည်ဖြင့် ယဉ်ကျေးမှု လွန်စွာ သွားလာနေတယ်လို့ ခံစားမိတဲ့သူတွေ များပါတယ်။

ဖျားနေလျှင်လည်းပဲ အလုပ်လုပ်ခြင်း

ဂျပန်နိုင်ငံမှာ ကိုယ့် ဘေးပတ်ဝန်းကျင်ကို အ‌နှောင့်အယှက် မဖြစ်စေတာ အရမ်းကောင်းမွန်တဲ့ အကျင့်စရိုက် ၊ ကိုယ့်တာဝန်ကို ဉီးစားပေးတယ်ဆိုတဲ့ ပုံရိပ်ကို အထင်ကြီးစေချင်တဲ့ စိတ် စသည်ဖြင့် အပြုသဘော ထင်မြင်ချက်သဘောထားများလည်း ရှိပါတယ်။ ရက်ရှည်ပျက်တဲ့အတွက် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှု ၊  ဘေးပတ်ဝန်းကျင်ကို အ‌နှောင့်အယှက်ပေးတယ်လို့ ပြောတဲ့ အဆိုးမြင်တဲ့ အမြင်များလည်း ရှိပါတယ်။ လတ်တလောနှစ်များမှာ ပိုက်ဆံဖြတ်ခံပြီး ခွင့်ယူလိုရတဲ့အတွက် ‌ဖျားတဲ့အချိန် ပိုက်ဆံဖြတ်ခံပြီး ခွင့်ယူတဲ့သူတွေလည်း များလာပါတယ်။ ဒါပေမဲ့ အဲလိုမလုပ်သေးတဲ့ ကုမ္ပဏီများလည်းရှိပါတယ်။ အခြာနိုင်ငံမှ လာတဲ့သူများကတော့ အဲလို လုပ်တာကို နားမလည်နိုင်ပါဘူး။

 

 ရုံးတွင်း ချစ်ကြိုက်ခြင်း

ရုံးတွင်းချစ်ကြိုက်ခြင်း

တခြားနိုင်ငံတွေမှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို သေချာခွဲထားကြပါတယ်။ ဂျပန်နိုင်ငံမှာကတော့ အံ့သြစရာ‌ကောင်းလောက်အောင် ရုံးတွင်း ချစ်ကြိုက်မှုများစွာရှိပါတယ်။အခြားနိုင်ငံတွေမှာ  အလုပ်ကိစ္စအပြင် လုပ်ဖော်ကိုင်ဖက် အချင်းချင်း တွေ့တာ နည်းပါတယ်။ အဲဒီအတွက် ကုမ္ပဏီမှာ သိတဲ့သူတွေနဲ့ ချစ်ကြိုက်မှုဟာ မယုံနိုင်တဲ့ကိစ္စ (မဖြစ်သင့်တဲ့ ကိစ္စ) လို့ ထင်မြင်မိတဲ့ နိုင်ငံခြားသားများလည်း ရှိပါတယ်။

ယခုလက်ရှိအချိန်ထိပင် FAX ကို အသုံးများခြင်း

ဂျပန်နိုင်ငံရဲ့ အိမ်နှင့် ရုံးတွေမှာ ယခုချိန်ထိပင် FAX ကို သုံးစွဲနေကြပါတယ်။ E Mail ကို တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ ခေတ်မှာ FAX ကိုသုံးနေတာဟာ ရှာပါလာပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ ယခင်ခေတ်က နည်းလမ်းကို ကြိုက်နှစ်သက်လို့ သုံးတယ်ဆိုပေမဲ့ အိမ်နှင့် ရုံးမှာ ယခုအချိန်အထိ FAX သုံးနေတယ်ဆိုတာ နိုင်ငံတကာမှာ မရှိသလောက်နည်းမယ်လို့ ထင်ပါတယ်။