ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
အခြားနိုင်ငံကသူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့  အမူအကျင့် များ အပိုင်း (၁)
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 23-12-2019
  • View - 2634

  • အကြောင်းအရာ အကျဥ်း

    ဂျပန်လူမျိုးတွေအနေနဲ့ သာမန်ကိစ္စလို့ တွေးထင်နေပေမဲ့ နိုင်ငံခြားသားတွေအနေနဲ့ ထူးဆန်းတဲ့ အပြုအမူလို့မြင်နိုင်တဲ့ အရာတွေရှိပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုးများလို အမြင်တူညီတဲ့ခံစားမှုရှိတဲ့ နိုင်ငံများလည်းရှိနိုင်ပြီး လုံးဝအမြင်မတူတဲ့ နိုင်ငံများလည်းရှိပါတယ်။ ဒီကနေ့မှာတော့ အခြားနိုင်ငံကသူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ အချက်လေးတွေပြောပြပေးသွားပါမယ်။

အခြားနိုင်ငံကသူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့် များ အပိုင်း (၁)

ဂျပန်လူမျိုးတွေအနေနဲ့ သာမန်ကိစ္စလို့ တွေးထင်နေပေမဲ့ နိုင်ငံခြားသားတွေအနေနဲ့ ထူးဆန်းတဲ့ အပြုအမူလို့မြင်နိုင်တဲ့ အရာတွေရှိပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုးများလို အမြင်တူညီတဲ့ခံစားမှုရှိတဲ့ နိုင်ငံများလည်းရှိနိုင်ပြီး လုံးဝအမြင်မတူတဲ့ နိုင်ငံများလည်းရှိပါတယ်။ ဒီကနေ့မှာတော့ အခြားနိုင်ငံကသူတွေ အနေနဲ့ အထူးဆန်းဖြစ်နိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့  အချက်လေးတွေပြောပြပေးသွားပါမယ်။

၁.အစားအသောက်နှင့်ပတ်သက်ပြီး ထူးဆန်းတဲ့ အပြုအမူများ

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အစားအသောက်တွေမတူညီကြပါဘူး။ အစားအသောက်တွေမတူရင် အပြုအမူလည်းမတူပါဘူး။ ဂျပန်လူမျိုးတွေရဲ့ အစားအသောက်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အချက် အနည်းငယ်ကို  ပြောပြပေးပါမယ်။

အသံမြည်စွာ စားခြင်း

ဂျပန်လူမျိူးတွေက ခေါက်ဆွဲစားတဲ့အခါမှာ အသံမြည်ပြီး စားတာက သာမန်ကိစ္စပါပဲ။ ဒါပေမဲ့ တခြားနိုင်ငံက သူတွေဘက်က ကြည့်ရင်တော့ အဲ့ဒီအပြူအမူက ဆိုး၀ါးတဲ့ အပြုအမူဖြစ်တယ်လို့ ခံစားရပြီး စိတ်မသက်မသာြဖစ်ရပါတယ်။

Edo ခေတ်မှာ Soba (ပန်းဂျုံခေါက်ဆွဲ) ကို စလူးစလူး ငုံ့ပြီးစားတာက ကောင်းမွန်တဲ့စားတဲ့နည်းလို့ သတ်မှတ်ထားတဲ့အတွက် အသံထွက်ပြီးငုံံ့စားတာတဲ့ အလေ့အကျင့်က ပေါ်ထွက်လာတယ်လို့ ပြောကြပါတယ်။

သို့ပေမဲ့ အခြားနိုင်ငံတွေမှာတော့ ခေါက်ဆွဲကို တရပ်စပ် အသံထွက်ပြီးစားတဲ့ အပြုအမူကို အပြုအမူ ချိုးဖောက်မှုတစ်ခုလို့ သတ်မှတ်ထားပြီး ခေါက်ဆွဲတွေရဲ့ ဒေသလို့ခေါ်တဲ့ တရုတ်နိုင်ငံမှာတောင် ခေါက်ဆွဲကို အသံထွက်ပြီးမစားပါဘူး။

ဒါ့အပြင် အသံထွက်ပြီးစားတဲ့ အလေ့အကျင့်မရှိတဲ့အတွက် ဂျပန်လူမျိုးတို့ရဲ့ အပြုအမူကို တုပြီး ခေါက်ဆွဲအပါအဝင် ဟင်းရည်သောက်စရာများကို အသံထွက်ပြီး စားကြည့်သော်ြငားလည်း မလုပ်တတ်သည့် နိုင်ငံခြားသားများစွာရှိပါတယ်။

အသံမြည်စွာ စားခြင်း

အသားစိမ်း ငါးစိမ်းစားသည့်အလေ့အထ

ဂျပန်လူမျိုးတွေမှာ အစိမ်းစားတဲ့ ဓလေ့ရှိကြတယ်။ ဆူရှီအပါအဝင် ကြက်ဉ အစိမ်းကို ထမင်းပေါ်မှာ တင်ပြီးစားတာလည်းရှိပါတယ်။ တခြားနိုင်ငံတွေမှာ အသားစိမ်း ငါးစိမ်းစားတဲ့ ဓလေ့မရှိတဲ့ နိုင်ငံက များပါတယ်။

သန့်ရှင်းလတ်ဆတ်မှုကတော့ မဖြစ်မနေ ရှိရမှာြဖစ်ပြီး ဂျပန်နဲ့ မတူတာက ကြက်ဉအစိမ်းတွေမှာ ပိုးတွေရှိတာ များတဲ့အတွက် အခြားနိုင်ငံတွေမှာ မီးနဲ့ သေချာချက်ပြုတ်ပြီးမှစားတာ ပုံမှန်သဘာဝ ဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့အတွက် စိတ်ချလက်ချစားချင်တဲ့စိတ် မဖြစ်မိကြပါဘူး။

အသားစိမ်း ငါးစိမ်းစားသည့်အလေ့အထ

ဆန်မုန့် (mochi)

ဂျပန်လူမျိုးတွေမှာ အကျွမ်းတဝင်ဖြစ်ပြီး ကိုယ်စားပြုတယ်လို့ ပြောနိုင်တဲ့ ဆန်မုန့် ဖြစ်ပါတယ်။ သို့ပေမဲ့ တခြားနိုင်ငံက ကြည့်မယ်ဆိုရင် ကပ်စေးကပ်စေးနဲ့ ပီကေ စားရသလိုမျိုး အရသာြဖစ်နေတဲ့ မုန့်ကို ကြိုက်နှစ်သက်ပြီး စားနေတာကို နားမလည်တဲ့သူ အများကြီးရှိပါတယ်။ ဒါ့အပြင် ဆန်မုန့်(mochi)ကြောင့် သေဆုံးသည်အထိ ဖြစ်သွားတဲ့ ကိစ္စရပ်များလည်းရှိတဲ့အတွက်ကြောင့် အဲလိုမျိုးအရာကို ဘာကြောင့် တမင်သက်သက် စားနေကြလဲလို့ မေးတဲ့ အသံတွေလည်းရှိပါတယ်။

ဆန်မုန့်

ထမင်းစားခွက်ကို ကိုင်၍ စားခြင်း

ဂျပန်လူမျိုးတို့သည် တူကို ညာဘက်လက်နဲ့ကိုင်ပြီး ထမင်းပန်းကန်လုံးကို ဘယ်ဘက်လက်ဖြင့် ကိုင်ပြီး စားကြသည်။ သိုသော် တခြားနိုင်ငံများမှာ ထမင်းစားခွက်ကို ကိုင်ပြီးစားတဲ့ အပြုအမူဟာ ချိုးဖောက်တဲ့အရာလို့ ထင်တဲ့ နိုင်ငံတွေ များပါတယ်။ အာရှနိုင်ငံများထဲကဖြစ်ပြီး တူအသုံးပြုတဲ့ ယဉ်ကျေးမှုတူတဲ့ ကိုးရီးယားနိုင်ငံမှာတောင် ထမင်းစားခွက်ကို ကိုင်တာက ချိုးဖောက်တဲ့ အပြုအမူလို့မြင်ပါတယ်။

ထမင်းစားခွက်ကို ကိုင်၍ စားခြင်း