ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်လူမျိုးတွေရဲ့お辞儀 - Ojigi အိုဂျိဂိ
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 11-12-2019
  • View - 2157

  • အကြောင်းအရာ အကျဥ်း

    ဂျပန်လူမျိုးတွေရဲ့お辞儀 Ojigi အိုဂျိဂိလို့ခေါ်တဲ့ "ဦးညွှတ်ခါးကုန်းနှုတ်ဆက်ခြင်း"ဓလေ့ဟာဂျပန်ယဉ်ကျေးမှုတစ်ခုအနေနဲ့ကမ္ဘာကသိပြီးဖြစ်ပါတယ်။ ခါးကုန်းနှုတ်ဆက်ခြင်းဟာ အမျိုးမျိုးရှိပါတယ်။

ဂျပန်လူမျိုးတွေရဲ့お辞儀 - Ojigi အိုဂျိဂိ

"ဂျပန်လူမျိုးတွေရဲ့お辞儀 - Ojigi အိုဂျိဂိ"

__________________________________________

 

ဂျပန်လူမျိုးတွေရဲ့お辞儀 Ojigi အိုဂျိဂိလို့ခေါ်တဲ့ "ဦးညွှတ်ခါးကုန်းနှုတ်ဆက်ခြင်း"ဓလေ့ဟာဂျပန်ယဉ်ကျေးမှုတစ်ခုအနေနဲ့ကမ္ဘာကသိပြီးဖြစ်ပါတယ်။ ခါးကုန်းနှုတ်ဆက်ခြင်းဟာ အမျိုးမျိုးရှိပါတယ်။

နိုင်ငံခြားသားတွေအမြင်နဲ့ကြည့်ရင်တစ်မျိုးနဲ့တစ်မျိုးဘယ်လိုများကွာခြားပါလိမ့်လို့ထင်စရာရှိပေမဲ့သူတို့ကအခြေအနေခွဲ..နေရာခွဲ အကန့်ခွဲထားကြတာပါ။ အားလုံးအတူတူလို့ထင်စရာရှိပေမဲ့တကယ့်တကယ်ကအမျိုးမျိုးကွဲပြားပါတယ်။

၁၅ဒီဂရီ..၃၀ဒီဂရီ..၄၅ဒီဂရီ...ဆိုပြီးအဆင့်အမျိုးမျိုးရှိပါတယ်။ "၁၅ဒီဂရီ" 会釈 Eshaku လို့ခေါ်ပြီး...ရိုးရိုးသာမန်နှုတ်ဆက်တဲ့နေရာမှာသုံးပါတယ်။ ခါးအောက်ပိုင်းကိုမတ်မတ်ထားပြီး ခါးအပေါ်ပိုင်းကိုပဲခပ်မတ်မတ်..၁၅ဒီဂရီချိုးပါတယ်။ "၃၀ဒီဂရီ"敬礼 Keirei လို့ခေါ်ပြီး...ကြိုဆိုပါတယ်။

။ကျေးဇူးတင်ပါတယ်...။ကျေးဇူးပြု၍လုပ်ပေးပါ။ ခွင့်ပြုပါဦး..စတာတွေမှာသုံးပါတယ်။ ၁၅ဒီဂရီတုန်းကလိုပဲခါးမတ်မတ်နဲ့ ၃၀ဒီဂရီပါ။ သိပ်မြန်မြန်မလုပ်ရပါဘူး။ "၄၅ဒီဂရီ" 最敬礼 Saikeirei လို့ခေါ်တဲ့အကောင်းဆုံးခါးကုန်းနှုတ်ဆက်နည်းကတော့ အင်မတန်အရေးကြီးတဲ့ပုဂ္ဂိုလ်တွေကိုနှုတ်ဆက်ရင်ဖြစ်စေ၊ အလွန်အမင်းကိုတောင်းပန်ပါတယ်ခင်ဗျား ဆိုတဲ့အချိန်တွေမှာသုံးပါတယ်။ ခါးကုန်းပြီးချက်ချင်းပြန်မမတ်သေးဘဲ စက္ကန့်ပိုင်းလောက်ငြိမ်နေရတာလည်းထုံးစံပါတဲ့။

အချင်းချင်းယဉ်ကျေးမှုတစ်ရပ်အနေနဲ့နှုတ်ဆက်စကားပြောကြတဲ့အခါမှာအနည်းဆုံး၁၅ဒီဂရီလောက်တော့ကုန်းညွှတ်နှုတ်ဆက်ကြတယ်။ သာမန်အသိမိတ်ဆွေကိုနှုတ်ဆက်တာနဲ့အထက်လူကြီးလုပ်ငန်းပိုင်းဆိုင်ရာအလေးထားရမယ့်ပုဂ္ဂိုလ်တွေကို နှုတ်ဆက်တာလည်းမတူပြန်ပါဘူး။ ခါးကုန်းနှုတ်ဆက်ရာမှာတစ်ဖက်တည်းကကုန်းညွှတ်တာမဟုတ်ဘဲအပြန်အလှန်ညွှတ်ကြတာလည်းဂျပန့်ထုံးစံပါပဲ။

အမှန်တကယ်တော့ ဂျပန်လူမျိုးတွေရဲ့ အိုဂျိဂိဟာတဖက်လူကိုအရမ်းအောက်ကျို့ပြတယ်လို့ထင်စရာပေမယ့်အဲဒီလိုမဟုတ်ပါဘူး။ တဖက်လူကိုလေးစားပါတယ် လို့ပြတာနဲ့ တပြိုင်နက်တည်းမှာ သူတို့လူမျိုးရဲ့နိုင်ငံကြီးသားပီသမှု..သူတို့လူမျိုးရဲ့ယဉ်ကျေးသိမ်မွေ့မှုကိုပါ တစ်ပါတည်းသက်သေပြလိုက်တဲ့ အင်မတန်မှပညာသားပါ ပါလေသော အိုဂျိဂိတွေပါပဲ။

ယဉ်ကျေးမှုကိုပြသကြတဲ့အတွက် ကိုယ်နဲ့ပတ်သက်လေသမျှဂျပန်လူမျိုးတွေဟာ အဆင့်အမျိုးမျိုးနဲ့ကို ကိုယ်လိုနိုင်ငံခြားသားကိုတောင်ခါးညွှတ်ကိုင်းနှုတ်ဆက်ကြပါတယ်။ ၁၅..၃၀..၄၅..အမျိုးမျိုးကိုကြုံဖူးပါတယ်။ နှုတ်ဆက်နေချိန်မှာသူတို့ဂျပန်အချင်းချင်းတွေ့သွားလည်းမရှက်ကြပါဘူး။ ကိုယ်ယဉ်ကျေးတာကိုကိုယ်ကလူရှေ့သူရှေ့ထုတ်ချပြတာရှက်စရာမဟုတ်ဘူးလို့ဂျပန်လူမျိုးတွေကခံယူကြတယ်..။ဒါဟာအောက်ကျို့ပြတာမဟုတ်ပါဘူး..ကိုယ်ယဉ်ကျေးတာကိုကိုယ်ပြကြတာပါ။

ကိုယ်တို့မြန်မာတွေလည်းအင်မတန်ယဉ်ကျေးကြပါတယ်။ သူတို့ကိုအတုခိုးပြီး နေရာတကာမှာ၄၅ဒီဂရီစရာမလိုပါဘူး။ ကိုယ်တို့လူမျိုးမှာ..ယဉ်ကျေးတာကိုပြနိုင်တဲ့နည်းတွေမှ..အများကြီးရယ်ပါ..။နှုတ်အမူအရာ..ကိုယ်အမူအရာ ပြနိုင်တာတွေအများကြီးပါ။ ပြတတ်ဖို့ပဲလိုပါတယ်။ပြနိုင်ဖို့ပဲလိုပါတယ်။ ပြနေတာကိုမရှက်တတ်ဖို့ပဲ လိုပါတယ်။ ယဉ်ကျေးတာကိုပြကြပါစို့။

credit : origin author