ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်နိုင်ငံမှ သန့်ရှင်းမှုများ (၂)
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 08-11-2019
  • View - 1626

  • အကြောင်းအရာ အကျဥ်း

ဂျပန်နိုင်ငံမှ သန့်ရှင်းမှုများ (၂)

ဂျပန်နိုင်ငံတွင် အမှိုက်များကိုစနစ်တကျစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြအပြီးမှာ သန့်ရှင်းသော စားသောက်ဆိုင်များနှင့်ပတ်သက်၍ ရေးသားဖော်ပြလိုပါသည်။

ဂျပန်နိုင်ငံမှစားသောက်ဆိုင်များသည် သန့်ရှင်းလတ်ဆတ်မှုကို အထူးဂရုမပြု၍မရပါ။ မိမိဆိုင်မှစားသုံးသူသည် ဆိုင်မှအစားအသောက်များကြောင့် တစုံတရာဝေဒနာခံစားရပါက တိုင်ကြားခြင်းခံရလျှင် ပြစ်မှုအကြီးအသေးအပေါ်မူတည်၍ ဆိုင်ပိတ်သည်အထိ အရေးယူခံရနိုင်သည်ဖြစ်သောကြောင့် အစစအရာရာတွင် အထူးအလေးထား၍လုပ်ဆောင်ကြရပါသည်။ အစိုးရမှလည်းစားသုံးသူများကို ကာကွယ်ပေးသည့်အနေဖြင့် ထိထိရောက်ရောက်အရေးယူမှုကို ပြုလုပ်ပေးကြပါသည်။

အစားအသောက်တွင် ဆံပင်ချည်များပါလာခြင်းနှင့် အခြားအလိုလားအပ်သောအရာများရောနှောပါဝင်လာပါက ပြဿနာဖြစ်ပွားမည်ဖြစ်သောကြောင့် အစားအစာချက်ပြုတ်ကြသူများသည် ဆံပင်ချည်မကျအာင် ဝတ်စုံပြည့်ဖြင့်ချက်ပြုတ်ကြရပါသည်။

ထို့အတူပင် ဆိုင်သိမ်းပြီဆိုလျှင်လည်း တစ်နေ့တာ၏အမှိုက်ဟူသမျှကို စုစည်းပြီးစွန့်ပစ်ကြရသည့်အပြင် မီးဖိုဆောင်တစ်ခုလုံး၏အိုးခွက်ပန်းကန်များသာမက သုံးစွဲသည့်စက်ပစ္စည်းများနှင့် ကြမ်းခင်းပါမကျန် သန့်ရှင်းရေးကို ဝန်ထမ်းများမှအကုန်လုပ်ဆောင်ကြရပါသည်။ ဒါတင်မက နောက်တစ်နေ့တွင်အသုံးပြုမည့် အချဉ်ရည်၊ ငံပြာရည် စသည့် ပုလင်းများကိုလည်း တစ်နေ့တခါ အားလုံးဆေးကြော၍အသစ်ဖြည့်ခြင်းတို့ကိုပြုလုပ်ကြရပြီး နောက်တစ်နေ့အတွက် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားကြပါသည်။