ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်နိုင်ငံမှသန့်ရှင်းမှုများ (၁)
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 25-10-2019
  • View - 2374

  • အကြောင်းအရာ အကျဥ်း

    ဂျပန်နိုင်ငံသည် လမ်းများသန့်ရှင်းသည်။ ရေထုသန့်ရှင်းသည်။ အိမ်သာများသန့်ရှင်းသည်။ စားသောက်ဆိုင်များသန့်ရှင်းကြသည်။ စသည် စသည်ဖြင့် သန့်ရှင်းမှုများမှာ နာမည်ကြီးသောတိုင်းပြည်တစ်ပြည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံမှသန့်ရှင်းမှုများ (၁)

ဂျပန်နိုင်ငံသည် လမ်းများသန့်ရှင်းသည်။ ရေထုသန့်ရှင်းသည်။ အိမ်သာများသန့်ရှင်းသည်။ စားသောက်ဆိုင်များသန့်ရှင်းကြသည်။ စသည် စသည်ဖြင့် သန့်ရှင်းမှုများမှာ နာမည်ကြီးသောတိုင်းပြည်တစ်ပြည်ဖြစ်ပါသည်။

အဘယ်ကြောင့်သန့်ရှင်းကြပါသနည်း။ စည်ပင်မှအလုပ်လုပ်၍လား။ သန့်ရှင်းရေးလုပ်ဆောင်သောအဖွဲ့အစည်းများ များပြားသောကြောင့်လားဟု မေးလာကြသော် အဖြေမှာ...

ကိုယ်စီအသိစိတ်ဓာတ်ဖြင့် လိုက်နာ၍ လုပ်ဆောင်ကြသောကြောင့်ဖြစ်သည်ဟု ဖြေဆိုရပါလိမ့်မည်။
ဂျပန်လူမျိုးတို့သည်တစ်ဦးတစ်ယောက်ချင်း၏အသိစိတ်ထဲတွင် သန့်ရှင်းရေးကိုလိုလားသည့်စိတ်များရှိကြသည်။ အနည်းဆုံးတော့ အိမ်သာဝင်ပြီးလျှင်နောက်လူအဆင်ပြေစေရန် ကောင်းမွန်စွာသန့်ရှင်းရေးလုပ်ဆောင်ပေးသွားကြသည်။

အိမ်မှာ၊ လမ်းမှာနေရာတိုင်းမှာ အမှိုက်ကိုစည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကိုရှောင်ကြဉ်ကြသည်။
အမှိုက်နှင့်ပတ်သက်သည့်သတိပေးချက်များကိုလည်းကောင်းမွန်စွာလိုက်နာကြသည်။

ဂျပန်နိုင်ငံသို့ ယခုမှရောက်ရှိသော နိုင်ငံခြားသားတစ်ဦးအတွက် ဂျပန်တစ်နိုင်ငံလုံးကျင့်သုံးသော အမှိုက်များကိုခွဲခြား၍ပစ်ရသည့် စနစ်အပေါ်မှာ ချက်ချင်းအသားမကျနိုင်ကြပါ။ လောင်ကျွမ်းနိုင်သောအမှိုက်၊ မလောင်ကျွမ်းနိုင်သောအမှိုက်၊ အမှိုက်စို၊ Recycle အမှိုက် စသည်ဖြင့် ကောင်းမွန်စွာခွဲခြား၍ ဆိုင်ရာဆိုင်ရာနေ့များတွင် စွန့်ပစ်နိုင်ရန်သင်ကြားရသည်မှာလည်း မလွယ်ကူလှပါ။ Public ဧရိယာတွင် ထားပေးထားသည့် အမှိုက်ပုံးများတွင် အမှိုက်များကိုမစွန့်ပစ်မီ မိမိစွန့်ပစ်မည့်အမှိုက်နှင့် စွန့်ပစ်မည့်ပုံးမှန်၏မမှန်၏ သေသေချာချာစစ်ပြီးမှသာ စွန့်ပစ်ရန်လည်း သတိပြုရပါသည်။

အမှိုက်များကိုစွန့်ပစ်ပုံစွန့်ပစ်နည်းများမှာလည်း အမျိုးမျိုးရှိသောကြောင့် မလေ့လာ၍မရနိုင်ပါ။ ဥပမာ သတင်းစာများ စာအုပ်များဆိုလျှင် တူရာစု၍ကြိုးဖြင့်သေချာစည်းနှောင်ကာစွန့်ပစ်ခြင်း၊ အအေးဗူးများဆိုလျှင် အကုန်အစင်ဖြစ်အောင်သောက်ခြင်း၊ အပိုရှိနေသေးလျှင်ကုန်စင်အောင်သွန်ပစ်ပြီးမှ ပလတ်စတစ်အပတ်ကိုခွဲ၍တစ်နေရာ၊ ပလတ်စတစ်ဗူးလွတ်ကတစ်နေရာ၊ အဖုံးကတစ်နေရာစီအိတ်ခွဲ၍ထည့်ရခြင်း၊ စတိုးဆိုင်မှဝယ်သောထမင်းဗူးများကို ရေစင်အောင်ဆေးပြီးမှ စွန့်ပစ်ခြင်း စသည်ဖြင့် စွန့်ပစ်မည့်ပစ္စည်းကိုပင်လျှင် သန့်ရှင်းစွာစင်ကြယ်အောင်ပြုလုပ်ပြီးမှ စွန့်ပစ်ကြသည်လည်းရှိပါသည်။