ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်လူမျိုးတွေရဲ့お辞儀 Ojigi အိုဂျိဂိလို့ခေါ်တဲ့
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 05-11-2019
  • View - 1247

  • အကြောင်းအရာ အကျဥ်း

    ဂျပန်နိုင်ငံမှာဈေးဝယ်ပြီဆိုလျှင် ငွေပေးချေသည့်ကောင်တာများတွင် ပထမဆုံးသတိပြုရမည့်အချက်မှာ စနစ်တကျတန်းစီ၍ပေးချေရန်ဖြစ်ပါသည်။

ဂျပန်လူမျိုးတွေရဲ့お辞儀 Ojigi အိုဂျိဂိလို့ခေါ်တဲ့ "ဦးညွှတ်ခါးကုန်းနှုတ်ဆက်ခြင်း"ဓလေ့ဟာဂျပန်ယဉ်ကျေးမှုတစ်ခုအနေနဲ့ကမ္ဘာကသိပြီးဖြစ်ပါတယ်။ ခါးကုန်းနှုတ်ဆက်ခြင်းဟာ အမျိုးမျိုးရှိပါတယ်။ (၁)

ဂျပန်နိုင်ငံမှာဈေးဝယ်ပြီဆိုလျှင် ငွေပေးချေသည့်ကောင်တာများတွင် ပထမဆုံးသတိပြုရမည့်အချက်မှာ စနစ်တကျတန်းစီ၍ပေးချေရန်ဖြစ်ပါသည်။ စတိုးဆိုင်လေးများမှအစ မိမိရပ်စောင့်ရမည့်နေရာကိုခြေရာပုံစံလေးဖြင့်ပုံဖော်ပေးထားတတ်ပါသည်။ ထိုနေရာတွင်စောင့်ဆိုင်းပေးရန်လိုပါလိမ့်မည်။

ထို့အပြင် ငွေပေးချေရာတွင်လည်း သင်ပေးချေလိုက်သည့်ငွေကို သင့်မျက်စေ့ရှေ့တွင် တစ်ရွက်ချင်းရေတွက်ပြသည်ကိုမြင်ရပါလိမ့်မည်။ ပြီးလျှင်ယန်းဘယ်လောက်လက်ခံရရှိပါသည်ဟုအသံစာစာလေးဖြင့်ပြောပြီးလျှင် အံဇွဲထဲသို့ထည့်ပါလိမ့်မည်။
အလားတူစွာပင် ပြန်အမ်းငွေကိုပြန်လည်ပေးသည့်အခါမှာလည်း ငွေစက္ကူနှင့်အကြွေစေ့ကိုသပ်သပ်စီခွဲ၍ ပြန်အမ်းငွေဘယ်လောက်ဖြစ်ပါသည်ဟူသော စကားလုံးကိုအသံပီပီသသဖြင့်ပြောရင်း သင့်မျက်စေ့ရှေ့တွင်ပင် တစ်ရွက်ချင်းရေတွက်ပြရင်း ပြန်အမ်းပေးပါလိမ့်မည်။

ထို့အပြင် ပိုက်ဆံထည့်သောဗန်းလေးဖြင့် ငွေပေးငွေယူလုပ်ကြသည်ကိုမြင်လျှင်လည်း အံ့သြမသွားပါနှင့်။
ထိုမြင်ကွင်းသည် ဂျပန်လူမျိုးတို့၏ ဈေးရောင်းဈေးဝယ်ရာနေရာတွင် မြင်ရလေ့ရှိသော အရာတစ်ခုဖြစ်သော်လည်း မကြုံဖူးသူအတွက်ကတော့ အထူးအဆန်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့သော် စဉ်းစားကြည့်မည်ဆိုပါလျှင် ငွေပေးသူနှင့်ငွေယူသူတို့ကြားတွင် ပိုပေးလိုက်သည်။ မှားပေးလိုက်သည် ဟူသောမှားယွင်းမှုများဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သည့် အပြုအမူကောင်းများဖြစ်သောကြောင့် အတုယူသင့်သည့်အရာဟု ထင်မြင်ယူဆမိပါသည်။