Term & ConditionsJapan Ready Functions Training School

Terms and Conditions

Japan Ready Functions Training School မှ ကြိုဆိုပါတယ်

Career-Tech Japan Co., Ltd. မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသည် Career-Tech Japan Website အသုံးပြုမှုအတွက် ဖော်ပြထားခြင်း ဖြစ်ပါသည်။

            အောက်တွင် ဖော်ပြထားချက်များသည် japanreadyschool.com ကို သင် အသုံးပြုမည်ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး ‘’သင်’’ ဆိုသည်မှာ အသုံးပြုသူများကို ရည်ရွယ်သုံးနှုန်း ခြင်းဖြစ်၍ နောက်ထပ် စာမျက်နှာများတွင် “japanreadyschool.com” ကို ( Japan Ready School (JRF) သို့မဟုတ် ကျွနိုပ်တို့ဟု ) ရည်ရွယ်သုံးနှုန်း သွားမည်ဖြစ်သည်။ ဤ Japan Ready School ကို သင် အသုံးပြုမည်ဆိုပါက အောက်ပါ စည်းမျဥ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံရန် လိုအပ်ပါသည်။

            အကယ်၍ အောက်ပါ အချက်အလက် စည်းမျဥ်းစည်းကမ်းများကို သဘောမတူပါက ဤ  Japan Ready School ကို အသုံးမပြုရန် မေတ္တာရပ်ခံပါသည်။

သင်၏ အကောင့်

            Japan Ready School တွင် ကျောင်းဝင်ခွင့်ရရန်အတွက် ပထမဦးစွာ အကောင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ပုံစံများအတွက် တိကျမှန်ကန်သော၊ ပြည့်စုံသော သတင်းအချက်အလက်များကို ရေးသွင်းရန် လိုအပ်ပါသည်။ သင်၏ အီးမေးလ်လိပ်စာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များ အပြောင်းအလဲ တစ်စုံတစ်ရာပြုလုပ်ပါက ကျွန်ုပ်တို့ Japan Ready School Website တွင် သင့်ဘက်မှ အပြောင်းအလဲကို ပြုလုပ်၍ ဖြစ်စေ၊ Japan Ready School ကျောင်းသားရေးရာဌာန သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ သင်၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်ပြင်ဆင်နိုင်ပါသည်။

လုံခြုံမှု နှင့် စကားဝှက်

            သင် Japan Ready School တွင် မှတ်ပုံတင်ဝင်ရောက်သည့် အခါ စကားဝှက်တစ်ခု ဖန်တီးရန်လိုအပ်ပါသည်။ လိမ်လည်ခံရမှုများ မတွေ့ကြုံရစေရန် သင်၏ စကားဝှက်ကို အခြားမည်သူတစ်ဦး တစ်ယောက် ကိုမှ သိရှိပေးအပ်ထားခြင်းမပြုရန် ကျွန်ုပ်တို့မှ တိုက်တွန်းပြောကြားလိုပါသည်။ သင်၏ အကောင့်အား အခြားသူများမှ တရားမဝင် အသုံးပြုနေသည်ကို သင့်ဘက်မှ ရှာဖွေတွေ့ရှိလျှင် Japan Ready School ကျောင်းသားရေးရာဌာနသို့ ချက်ချင်း အသိပေး အကြောင်းကြားရမည်ဖြစ်ပါသည်။

သဘောတူညီရန်

Japan Ready School User ID နှင့် Password ကို စတင်အသုံးပြုချိန်မှစ၍ အောက်ဖော်ပြပါ အချက်များ အား သဘောတူရပါမည်။

  1. Japan Ready School မှ လိုအပ်သော သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ရယူ၍ သိမ်းဆည်းခြင်းများ ပြုလုပ်ပါမည်။
  2. Japan Ready School မှ ထုတ်ထားသော အွန်လိုင်းစာမေးပွဲ မေးခွန်းလွှာများနှင့် ဖြေဆိုပြီးသော အဖြေလွှာ အသေးစိတ်များအားထုတ်ပေးမည်မဟုတ်ပဲ၊ ကျွန်ုပ်တို့မှ သိမ်းဆည်းခြင်း ပြုလုပ်ပါမည်။
  3. ကျွန်ုပ်တို့သည် ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အခြားသူများထံ ရောင်းချခြင်း၊ ဌားရမ်းခြင်းမပြုပါ။
  4. သင်သည် Japan Ready School တွင် စတင်အကောင့်မှတ်ပုံတင်ပြီးသည့်အချိန်မှ စ၍ သင်နှင့် သက်ဆိုင်သော အချက်အလက်များအား သင်၏အလုပ်အကိုင်အခွင့်အလမ်းအတွက် Career-Tech Japan Co., Ltd. မှ အသုံးပြုခွင့်ရှိသည်။
  5. Japan Ready School Website သို့ မှတ်ပုံတင်ပြီး (၃) လ အတွင်း လုံးဝ အသုံးမပြုပါက System မှ အလိုအလျှောက်ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

ရှောင်ကြဉ်ရန် နှင့် လိုက်နာရမည့် အပြုအမူများ

            Japan Ready School တွင် အသုံးပြုသူသည်အောက်ဖော်ပြပါသတ်မှတ်ချက်များအား အကောင့် မှတ်ပုံတင်ပြီးသည့် အချိန်မှစ၍ လိုက်နာရမည်။

  • သင်သည် User ID နှင့် Password ရရှိသည်မှစ၍ JRF Website မှ ဖော်ပြထား သော စည်းမျဉ်းစည်ကမ်းများအား ချိုးဖောက်ခြင်း မပြုရ။
  • သင်သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေအပြင် အခြား ပြဌာန်းထားသော ဥပဒေများကို လေးစား လိုက်နာရပါမည်။
  • သင်သည် အကောင့်မှတ်ပုံတင်ခြင်းအား တစ်ကြိမ်သာ ပြုလုပ်ရမည်ဖြစ်ပြီး သင်၏ အကောင့် အား အခြားသူများအား ပေးသုံးခြင်း၊ ဖြန့်ဝေခြင်း မပြုရ။
  • JRF Website တွင် တင်ထားသော PDF FileVideo File သင်ကြားနေသော Course ဝန်ဆောင်မှုများ၊ အခြား Information Data များအား ပြန်လည် ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ ဌားရမ်းခြင်း၊ ကူးယူခြင်း မပြုလုပ်ရ၊ Cyber Attack အနှောက်အယှက်လုံးဝလုံးဝမပြုလုပ်ရ။
  • JRF Website တွင် တင်ထားသော Video File များ၊ ဆရာ/မနှင့်တိုက်ရိုက်သင်ကြားနေသည့် အချိန်တွင် Screen Recording များ မပြုလုပ်ရ၊ မျှဝေသုံးစွဲခြင်း မပြုရ။
  • Japan Ready School တွင် ဆောင်ရွက်နေသော Google Meet  နှင့်တိုက်ရိုက်တွေ့ဆုံသော ဆရာ/မများ၏ အီးမေးလ်၊ ဖုန်းနံပါတ် အစရှိသော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ မေးမြန်းစုံစမ်းခြင်း လုံးဝ မပြုလုပ်ရ။
  • သင်၏နေရပ်လိပ်စာ၊ ဆိုရှယ်မီဒီယာအကောင့်၊ အီးမေးလ်လိပ်စာ စသည့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို Google Meet နှင့်တိုက်ရိုက်တွေ့ဆုံသော ဆရာ/မများ အား အပေးအယူ မပြုလုပ်ရ။
  • Japan Ready School မှ ခွင့်ပြုချက်မရှိပဲ JRF Website ပြင်ပတွင် Google Meet နှင့်တိုက်ရိုက်တွေ့ဆုံသော ဆရာ/မများ ကို ချိတ်ဆက် သင်ယူခြင်းများ မပြုလုပ်ရ။
  • သင်သည် ဤအဖွဲ့အစည်း၏ အကျိုးစီးပွား၊ မှတ်ပုံတင်မူပိုင်ခွင့်၊ နာမည်ဂုဏ်သတင်း ကျဆင်း စေမည့် အပြုအမှုများအား လုံးဝမပြုလုပ်ရ။

အကောင့်မှတ်ပုံတင်စာရင်းမှ ထုတ်ပယ်ခြင်း

            Japan Ready School တွင် အကောင့်မှတ်ပုံတင်ထားသော သင် သည် ကျွန်ုပ်တို့ JRF Website တွင် စာသင်ကြားနေစဉ်အတွင်း ကျောင်းမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်ကမ်း များ တစ်စုံတစ်ရာ ဖောက်ဖျက်ခြင်းကို စစ်ဆေးတွေ့ရှိခဲ့ပါက ကျွန်ုပ်တို့ဘက်မှ သင်ကြားမှုမှ ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း၊ E-Certificate များ ပေးအပ်ခြင်းမှ ရုတ်သိမ်းသည်အထိ ပြုလုပ်သွားပါမည်။

မှတ်ချက် - Japan Ready School မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများ အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ပါသည်။

ငွေပေးချေခြင်း

Japan Ready School တွင် ငွေပေးချေပုံ အဆင့်များ  

၁။ ကျောင်းဝင်ခွင့်အကောင့် မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ပါ။

၂။ သင်ကြားမည့် Course (အတန်း) ကို ရွေးချယ်ပါ။

၃။ ငွေပေးချေရာတွင် Bank Transfer (KBZ Pay, Wave Pay) တို့ဖြင့် ငွေလွှဲခြင်းများ ပြုလုပ်နိုင်ပါသည် ။

၄။ ငွေပေးချေခြင်းများ‌ ပြီးမြောက်အောင်မြင်ပါက ကျောင်းသားရေးရာ ဌာန မှ ဆက်သွယ်အတည်ပြုပြီး မိမိတက်ရောက်လိုသော အတန်းအား ချိတ်ဆက် လုပ်ဆောင် ပေးသွားမည်။

၅။ သင်ပေးချေထားသော သင်တန်းများသည် သတ်မှတ်ထားသည့် အချိန်အတွင်းသာလျှင် အသုံးပြုခွင့် ပေးထားပါသည်။

* သတိပြုရန်အချက်များ

၁။ ကျောင်းအပ်နှံထားသော အခကြေးငွေသည် သင် တက်ရောက်လိုသော သင်တန်းအမျိုးအစား အတွက်သာ ပေးချေရန် လိုအပ်ပါသည်။

၂။ အကြောင်းတစ်စုံတရာကြောင့် သင်တန်းမတက်ဖြစ်ပါက သင်တန်းကြေးအား Japan Ready School ဘက်မှ ပြန်အမ်းမည် မဟုတ်ပါ။

၃။ ငွေပေးချေခြင်း အတွက် Japan Ready School မှ သတ်မှတ်ထားသော အကောင့် (သို့) Japan Ready School ဖုန်းနံပါတ်မဟုတ်သည့် အခြားနံပါတ် သို့ မှားယွင်း၍ ငွေလွှဲခြင်းများအတွက် ငွေပေးချေသူ အပေါ်မှာသာလျှင် တာဝန်ရှိပါသည်။

ဝန်ဆောင်မှု အပြောင်းအလဲများ ပြုလုပ်ခြင်း

            Japan Ready School ၏ အခမဲ့ဝန်ဆောင်မှု (သို့) ငွေကြေးကောက်ခံမှု ဈေးနှုန်းများသည် အချိန်မရွေး ပြောင်းလဲမှုများရှိနိုင်ပါသည်။

၁။ Website တွင်ဖော်ပြထားသော လက်ရှိဝန်ဆောင်မှုများ သို့မဟုတ် အချို့သော အစိတ်အပိုင်းများတွင် ဝန်ဆောင်မှု အသစ်များ ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဆက်လက်မဆောင်ရွက်ခြင်း။

၂။ ဝန်ဆောင်မှု သို့မဟုတ် ဝန်‌ဆောင်မှု တစ်စိတ်တစ်ပိုင်း ၏ အသုံးပြုမှု သင်တန်းကြေး နှုန်းများ ပြောင်းလဲသတ်မှတ်ခြင်း။

ကြေငြာချက်ထုတ်ပြန်ခြင်း

Japan Ready School ၏ စည်းမျဥ်းစည်းကမ်းချက် အသစ်များထည့်သွင်းခြင်း၊ အခမဲ့ဝန်ဆောင်မှု (သို့) ငွေကြေးကောက်ခံမှု အပြောင်းအလဲများ ဖြစ်ပေါ်လာသည့်အခါ Japan Ready School Website၊  Japan Ready Functions Training School Facebook Page စာမျက်နှာ နှင့် အခြားသော ဆက်သွယ်မှု နည်းလမ်းများဖြင့် အသိပေး ကြေငြာချက်များကို ကြိုတင်ထုတ်ပြန်ဆောင်ရွက်သွားပါမည်။

အထက်တွင် ဖော်ပြထားသော စည်းမျဥ်းစည်းကမ်းများနှင့် ပတ်သက်၍ ထပ်မံသိရှိလို့ပါက  office@career-techjapan.com,  info@japanreadyschool.com သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း၊ ကျောင်းသား ရေးရာ ဌာန ဖုန်းနံပါတ်များဖြစ်သော   ၀၉ ၄၄၆ ၃၄၇ ၀၂၀ ၊ ၀၉ ၇၉၀ ၈၈၂ ၂၆၂ ၊ ၀၉ ၉၅၂ ၀၀၆ ၁၅၅ သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

last updated at 3/feb/2021