ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
teru teru bouzu(てるてる坊主)
  • စုစည်းမှု့ - Lifestyle
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 25-10-2019
  • View - 1288

  • အကြောင်းအရာ အကျဥ်း

    ဒီနေ့ကတော့ ဂျပန်နိုင်ငံရဲ့ teru teru bouzu လေးအကြောင်းပြောပြပေးချင်ပါတယ် teru teru bouzu(てるてる坊主) ဆိုတဲ့ ဝိဥာဉ်အရုပ်ဆိုရမလား သရဲအရုပ်ဆိုရမလား ဒီအရုပ်လေးကို jp က ကလေးတွေမလုပ်ဖူးသူမရှိပါဘူးတဲ့

teru teru bouzu(てるてる坊主)

ဒီနေ့ကတော့ ဂျပန်နိုင်ငံရဲ့ teru teru bouzu လေးအကြောင်းပြောပြပေးချင်ပါတယ်

teru teru bouzu(てるてる坊主)
ဆိုတဲ့ ဝိဥာဉ်အရုပ်ဆိုရမလား သရဲအရုပ်ဆိုရမလား ဒီအရုပ်လေးကို jp က ကလေးတွေမလုပ်ဖူးသူမရှိပါဘူးတဲ့

ဒီအရုပ်လေးကို စက္ကူ အဖြူ ဒါမှမဟုတ် အဝတ် နဲ့ ဂျပန်လယ်သမားတွေက ပြတင်းပေါက် အပြင်ဘက်မှာ ကြိုးလေးနဲ့ တွဲလဲချထားလေ့ရှိတယ်

ဒီအရုပ်လေးက မှော်အစွမ်းရှိတယ် ရာသီဥတုသာယာစေတဲ့အစွမ်းပေါ့ နေသာတယ်လို့ဆိုရမယ်
坊主bouzu ဆိုတာ ဗုဒ္ဓဘာသာဘုန်းကြီးပေါ့ ဟိုးအရင်က ဖြစ်ရပ်မှန်လို့ သူတို့ခေါ်တဲ့ဇာတ်လမ်းလေး ရှိခဲ့တယ်
ရွာလေးတစ်ရွာမှာပေါ့ မိုးတွေဆက်တိုက်ရွာနေတဲ့အချိန် ဘုန်းကြီးက ဒီမိုးကို သူ့အစွမ်းနဲ့ ရပ်အောင်လုပ်ပေးမယ်ပေါ့
ရွာသားတွေက အေးလုပ်ပေါ့
ဘုန်းကြီးက မိုးကိုမရပ်နိုင်တဲ့အခါ ခေါင်းဖြတ်အသတ်ခံရတာကနေ စတာလို့ ဆိုကြတဲ့ သရဲအရုပ်လေးပေါ့

 

                   

 

အဲဒိုခေတ်မှာ ကလေးတွေက အိမ်ထဲမှာကြိုးချည်ပြီး မနက်ဖြန် နေသာအောင်ဆုတောင်းလာကြတယ်
တစ်ကယ်လို့ သာယာတယ်ဆိုရင် ဒီအရုပ်လေးခေါင်းပေါ်ကို ဆာခဲ နဲ့လောင်းပြီး ဂုဏ်ပြုတယ်ပေါ့

ကလေးတွေဆိုလေ့ရှိတဲ့ teru teru bouzu သီချင်းလေးရှိတယ်
てるてる坊主
てる坊主

明日天気にしておくれ
いつかの夢の空のように

晴れたら金の鈴あげよ

てるてる坊主
てる坊主
明日天気にしておくれ
私の願いを聞いたなら
甘いお酒をたんと
飲ましょ

てるてる坊主
てる坊主
明日天気にしておくれ

それでも雲って泣いてたら
そなため首をちょんと切るぞ・

မြန်မာပြန်
teru bozuရေ မနက်ဖြန် နေသာအောင်လုပ်ပေးပါ
တစိရက်ရက်မှာ အိပ်မက်ထဲက ကောင်းကင်လိုမျိုးလုပ်ပေးပါ

နေသာရင်ရွေခေါင်းလောင်းပေးပါ့မယ်
ငါ့ဆုတောင်းကိုကြားရင်(ငါ့ဆုတောင်းကိုဖြည့်ဆည်းပေးလိုက်ရင်)

ချိုမြမြ ဆန်အရက်လေးအများကြီးသောက်ကြမယ်