ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
Anata No Warehouse
  • စုစည်းမှု့ - Anime & Manga
  • ပို့တင်သူ - Nyi Nyi Zaw Naing
  • စတင်သည့်နေ့ - 29-06-2022
  • View - 923

  • အကြောင်းအရာ အကျဥ်း

    ကလေးတွေကို မခေါ်ဆောင်သင့်တဲ့ dystopian arcade ကစားကွင်း

Anata No Warehouse

Anata no Warehouse က တိုကျိုမြို့ရဲ့အပြင်ဘက် သိပ်အလှမ်းမဝေးတဲ့ Kawasaki မှာရှိပေမဲ့ ပထမဆုံး သင်ဟာ ဂြိုလ်သားတွေရဲ့ တစ်နေရာရာမှာ ဝင်သွားသလို ခံစားရမယ်။ ရှေ့မျက်နှာစာ တံခါးက တငွေ့ငွေ့ တဟုန်ထိုး ပွင့်လာပြီး သင် ပထမဆုံး ကြားလိုက်သော အသံမှာ နံရံများ တစ်လျှောက် လွင့်ပျံနေသော ကြွက်များ၏ အသံနှင့် သင် မသိနိုင်သော ဘာသာစကားဖြင့် ပြောဆိုနေကြတဲ့ လူများရဲ့ အသံများလည်း ကြားရမှာ ဖြစ်ပါတယ်။

anatanowarehouse

ဓာတ်ပုံ: Matthew CoslettOutside the warehouse.

Anata no Warehouse (meaning “သင့် ဂိုဒေါင်”) ဆိုတဲ့ နေရာက လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားများအတွက် ဆိုက်ဘာပန့်ခ်ယဥ်ကျေးမှုကို ထိတ်လန့်စေမယ့်ခံစားချက်မျိုး ပေးနိုင်သော နေရာတစ်ခုဖြစ်သည်။ တီဗွီကစားနည်းစသည့် စက်ခုံများ ကစားနိုင်တဲ့ ကစားရုံ ပုံစံမျိုး ဖန်တီးထားတယ်။ အဆောက်အဦးက ယခင်က ဟောင်ကောင်မှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့တဲ့ Kowloon ရဲ့ “တံတိုင်းခတ်ထားသောမြို့” ကို အခြေခံပြီး ဖန်တီးတည်ဆောက်ထားသည့်ပုံစံ ဖြစ်သည်။ အဲ့ဒိနေရာ ရောက်သွားသလိုထင်ရလောက်အောင် နေရာတိုင်းကို အသေးစိတ် ဒီဇိုင်းထည့်သွင်းပြုလုပ်ထားသည်။

သင်စက်လှေကားထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် မြေအောက်ထပ်တွင် တရုတ်မြို့ပြပုံစံများ၊ အသံများ၊ ဂိမ်းစက်များမှ ထွက်လာသော အသံများဖြင့် အစားထိုးဝင်ရောက်လာပါတော့တယ်။ သေချာတာတစ်ခုက သင့်ကို ထူးဆန်းတဲ့ ဆွဲဆောင်မှုကြီးမားတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ အထင်မမှားကြနဲ့၊ အားလုံးဒီနေရာမှာ ဂိမ်းကစားရန် ရှိနေကြတာဖြစ်တယ်။ အဆောက်အဦးရဲ့ အထပ်တိုင်းမှာ မတူညီတဲ့ ကြွေစေ့ထည့်ဆော့ရတဲ့ ဂိမ်းအမျိုးမျိုး၊ အရုပ်ကောက်ရတဲ့ ဂိမ်းအမျိုးမျိုး ထည့်သွင်းထားသည်။

anatanowarehouse

ဓာတ်ပုံ: Matthew CoslettInside the slum.

လာရောက်လည်ပတ်သူများအတွက် အဓိကဆွဲဆောင်မှုက ဗီဒီယိုဂိမ်းများဖြစ်သည်မှာ သံသယဖြစ်စရာမလိုပါ။ ဟောင်ကောင်နိုင်ငံသားများအတွက် မှတ်ဉာဏ်တွင်းမှာသာ ရှိတော့တဲ့ အစိတ်အပိုင်းတစ်ခုကို အံ့သြစရာကောင်းလောက်အောင် ဖန်တီးထားခြင်းဖြစ်ပြီး၊ Kowloon 1980/1990 အစောပိုင်းက တွေ့မြင်ခဲ့ဖူးတဲ့ ခြောက်ခြားစရာ ဂိမ်းတွေနဲ့ ပြည့်နှပ်နေပါတယ်။

Photo by: Cristina MAn iconic scene you walk across.

အကယ်၍ သင်က ထိုခေတ်က ဂျန်နရေးရှင်း ဆိုလျှင် Spikeout, Darius, Space Harrier, Parodius နှင့် Gauntlet ကဲ့သို့သော ထူးခြားဆန်းပြားတဲ့ ကားများ၊ ကာလာစုံ မူးယစ်ဆေးဝါး၊ပြီးတော့ သင်သာ ဂိမ်းမကြိုက်ပါက Anata no Warehouse က ပေးတဲ့ ဂိမ်းအတွေ့အကြုံကို သဘောပေါက်မည်မဟုတ်ပါ။ 

anatanowarehouse

Photo by: GurtyGurtArcade time!

ဒီနေရာက အသက် ၁၈ နှစ်နှင့်အထက်သာ ဝင်ရောက်ခွင့်ပြုထားတယ်။ ဂိုဒေါင် 5 ထပ်မြောက်မှာတော့ 1990 ခုနှစ်ဝန်းကျင် အပြင်အဆင် အင်တာနက်ကဖေးဆိုင် တည်ရှိတယ်။ အတိုချုပ်ပြောရလျှင် Anata no Warehouse သည် 90 နှောင်းပိုင်း တရုတ်ဆင်းရဲသားရပ်ကွက်တစ်ခု ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်ဟု အမှန်တကယ်ခံစားရသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော လောင်းကစားဝိုင်းများထက် အပြစ်ကင်းစင်သော ပျော်ရွှင်စရာများကို ပိုအာရုံစိုက်စေသည့် ဧရိယာတစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကျဥ်းမြောင်းတဲ့ လျှောက်လမ်း၊ နီယွန်မီး နှင့် ဆူညံသံများကို ခံနိုင်ရည်ရှိတယ်ဆိုပါက Anata no Warehouse သည် ဂိမ်းများအတွက်သာမက အတွေ့အကြုံအသစ်များ ရနိုင်သည့်အတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။

ဓာတ်ပုံ: Ruxandra FloreaFront desk area of the internet cafe

 

 Things To Know

HOURS

Monday through Friday: 9 a.m. to 11:45 p.m.; Saturday, Sunday and public holidays: 7 a.m. – 11: 45 p.m.

 How To Get There

ADDRESS

Japan, 〒210-0024 Kanagawa-ken, Kawasaki-shi, Kawasaki-ku, Nisshinchō, 3−7 ワンズレンタカーウェアハウス川崎店

BY TRAIN

Anata-no-warehouse သည် Kawasaki ဘူတာမှ 10 မိနစ်မှ 15 မိနစ်အထိ လမ်းလျှောက်ပါက အလွယ်တကူ ရောက်နိုင်သည်။