ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဒီနေ့အောက်တိုဘာလ (၁၆)ရက်နေ့ဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
  • စုစည်းမှု့ - Tradition/Culture/Life
  • ပို့တင်သူ - Ma Thiri Thandar Ag
  • စတင်သည့်နေ့ - 16-10-2020
  • View - 1357

  • အကြောင်းအရာ အကျဥ်း

ဒီနေ့အောက်တိုဘာလ (၁၆)ရက်နေ့ဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

・あなたの性格
 明るく社交的で度胸もある、タレント向きの性格。
 想像力が豊かで、芸術の才能もあります。
 鋭い観察力で、人が気付かない事にも気付きます。

သင်ရဲ့ကိုယ်ရည်ကိုယ်သွေး

  • သင်ဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ဖော်ရွေရွေ ဖြင့် သတ္တိရှိစွာ ပေါင်းသင်းဆက်ဆံတတ်တဲ့သူ တစ်ဦးဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေး ပါရမီရှိသူတစ်ဦးလည်းဖြစ်ပါတယ်။
  • စိတ်ကူးဥာဏ်စွမ်းပြည့်ဝသူ တစ်ဦးလည်းဖြစ်ပြီး အနုပညာမှာလည်း ပါရမီရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။
  • စိတ်အားထက်သန်စွာ လေ့လာနိုင်စွမ်းရှိသူတစ်ဦးဖြစ်တဲ့အတွက် လူတွေ သတိမထားမိတဲ့ အရာတွေကိုလည်း သင်က သတိထားမိနိုင်သူ တစ်ဦးလည်းဖြစ်ပါတယ်။

・恋愛運
 好きな人が出来ると持ち前の想像力で「告白」「デート」「結婚」まで将来をどんどん想像します。
 その想像で満足して、片思いのまま何年も過ぎる事も。
 恋愛運は高いので、ある程度は積極的に行動しましょう。

သင်ရဲ့အချစ်ရေး

  • အချစ်ရေးမှာတော့ သင်ဟာ သင့်ကို ကြိုက်နှစ်သက်တဲ့ ကောင်လေး ရှိလာလျှင် သင်ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ချစ်ကြောင်းဝန်ခံခြင်း ၊ Date လုပ်ခြင်း ၊ လက်ထပ်ပေါင်းသင်းခြင်း အထိ အနာဂတ်ကို အရမ် စိတ်ကူးယဥ်တတ်သူ တစ်ဦးပါ။
  • အဲ့ဒီစိတ်ကူးနဲ့ပဲ ကျေနပ်နေပြီး တဖတ်သတ် အတွေးတွေနဲ့ပဲ နှစ်တွေကျော်လွန်လာတာ တွေလည်း ဖြစ်လာနိုင်ပါတယ်။
  • သင်ဟာ အချစ်ရေးကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် တတ်နိုင်သလောက် အချစ်ရေးကို ကြိုးစား လှုပ်ရှားပေပါ။

・友達運
 おしゃべり好きで、気の合う友達とならいつまででもおしゃべりをしています 。
 友達から悩み事相談を受ける事が多く、鋭い観察力を使って一発で解決する事も。

သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေး

  • သင်ဟာ စကားပြောရတာကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပြီး ကိုယ်နဲ့ စိတ်တူ ကိုယ်တူ သူငယ်ချင်းဆိုလျှင် ဘယ်တော့ပဲ ဖြစ်ဖြစ် စကားပြောနေဖြစ်တဲ့သူ တစ်ယောက်ပါ။
  • သူငယ်ချင်းတွေရဲ့  စိုးရိမ်ပူပန်မှုကို တိုင်ပင်ဆွေးနွေးမှုတွေကို နားထောင်ပြီး စိတ်အားထက်သန်စွာ လေ့လာနိုင်အားကို အသုံးပြုပြီး တစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်တဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

・運勢の高まる月と日にち
 10月と11月 毎月の7日と16日

ကံကောင်းစေတဲ့ လနှင့်ရက်များ

  • အောက်တိုဘာလ နှင့် နိုဝင်ဘာလ တိုင်း၏ ၇ ရက်နေ့နှင့် ၁၆ ရက်နေ့ ဖြစ်ပါတယ်။

・相性の良い彼のタイプ
 恋に一途な、つくしてくれる男の子が良いでしょう。
 そんな彼ならあなたは自分の夢に打ち込め、多彩な才能を十分に発揮できます。

သင်နဲ့ ပိုပြီးသဟဇာတဖြစ်မည့် ကောင်လေးပုံစံ

  • ချစ်ခြင်းမေတ္တာ၌ အစဉ်အမြဲနေသော ကောင်လေးက သင်နဲ့ပိုပြီး သဟဇာတ ဖြစ်ပါလိမ့်မယ်။
  • သူနှင့်အတူသင်၏အိပ်မက်များကိုသင်ကိုယ်တိုင်အပ်နှံနိုင်တဲ့ သူတစ်ဦးဖြစ်ပြီး သင်၏အရည်အချင်း အမျိုးမျိုးကို သင် အပြည့်အဝပြသနိုင်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

・この日生まれの男の子へのアプローチ方法。
 彼は人付き合いが良く、気さくで明るい男の子。
 おしゃべり好きなので、彼の好きな話題を見つけて話しかけましょう。
 彼は時間に几帳面なので、彼との約束は必ず時間を守りましょう。
 彼の好みは 『明るく元気な女の子』

မွေးလ မွေးရက်တူ ကောင်လေးတစ်ယောက်ကို ချဥ်းကပ်သည့်နည်းလမ်း

  • ဒီမွေးလ မွေးရက်တူ ကောင်းလေးကတော့ လူအများနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်ပြီး ဖော်ရွေပျူဌာတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။
  • စကားပြောရတာ ကြိုက်နှစ်သက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သူနှစ်သက်တဲ့ စကားခေါင်းစဥ်ကို ကို စဥ်းစားပြီး သူနဲ့စကားပြောဖို့ စကြည့်ပါ။
  • သူရဲ့အကြိုက်ကတော့ တောက်ပနှင့်လုံ့လရှိသူ မိန်းကလေးတစ်ယောက် ပုံစံဖြစ်ပါတယ်။

・開運方法
 ラッキーカラー アプリコット
 ラッキースポット 映画館
 ラッキーファッション ロングスカート
 ラッキーナンバー 8.62.98
 ラッキーアイテム 日焼け止めアイテム
 ラッキーフード ドーナツ
 ラッキーフラワー(誕生花と花言葉) 錦木(にしきぎ) 

ကံပွင့်စေသောနည်းလမ်းများက အောက်ပါ သင့်အတွက် ကံကောင်းစေတဲ့ အရာများကို လုပ်ဆောင်လိုက်ပါ။

  • Lucky အရောင် - တရုတ်ဇီးသီးအရောင် (apricot)   
  • Lucky နေရာ - ရုပ်ရှင်ရုံ
  • Lucky ဖက်ရှင် - စကပ်အရှည်
  • Lucky အရေအတွက် -8,62,98
  • Lucky ပစ္စည်း - နေကာပစ္စည်းများ
  • Lucky အစားအစာ - ဒိုးနပ်မုန့်
  • Lucky ပန်းပွင့် - Nishikigi

・向いている仕事。
 鋭い観察力をいかせる仕事が良いでしょう。
 ソムリエ、探偵など。

သင့်လျော်သောအလုပ်အကိုင်

  • သင်၏စိတ်အားထက်သန်သော စောင့်ကြည့်လေ့လာမှု စွမ်းအားကို အများဆုံး အသုံးချသည့် အလုပ်အကိုင်မျိုးနဲ့ ပိုသင့်လျော်ပါတယ်။
  • Sommelier, စုံထောက်အလုပ် တို့နဲ့ပိုသင့်လျော်ပါတယ်။

・ワンポイントチャームアップ
 日焼けに気をつけて、白いもち肌をキープ。

သင့်ကို ပိုမိုချစ်စရာကောင်းစေမည့် သော့ချက်

  • နေလောင်ခြင်းကိုသတိပြုပြီး ကိုယ့်ရဲ့ ဖြူဝင်းတဲ့ အသားအရည်ကို ဆက်လက် ထိန်းသိမ်းထားခြင်းက သင့်ကို ပိုမိုချစ်စရာ ကောင်းစေတဲ့  သော့ချက်ဖြစ်ပါတယ်။