ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဒီနေ့အောက်တိုဘာလ (၁၀)ရက်နေ့ဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
  • စုစည်းမှု့ - Tradition/Culture/Life
  • ပို့တင်သူ - Ma Thiri Thandar Ag
  • စတင်သည့်နေ့ - 10-10-2020
  • View - 1175

  • အကြောင်းအရာ အကျဥ်း

ဒီနေ့အောက်တိုဘာလ (၁၀)ရက်နေ့ဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

・あなたの性格
 物事を合理的に考える賢い女の子。
 運動神経もなかなかで、地道に努力を続けます。
 心優しく、人を引きつける魅力の持ち主。

သင်ရဲ့ကိုယ်ရည်ကိုယ်သွေး

သင်ဟာ အရာရာကို ကျိုးကြောင်းဆီလျော်စွာ တွေးသောပညာရှိ မိန်းကလေး တစ်ဦးလည်းဖြစ်ပါတယ်။

လှုပ်ရှားနိုးကြားမှုမြင့်မားပြီး ဖြည်းဖြည်းချင်း ကြိုးစားသွားတဲ့ သူမျိုးလည်းဖြစ်တယ်။

နူးညံ့သိမ့်မွေ့ပြီး ဆွဲဆောင်မှုတွေကို ပိုင်ဆိုင်ထားတဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

・恋愛運
 もてるので、男の子から告白される事が多いはず。
 自分から好きになった相手よりも、好きになってくれた男の子と付き合う方が恋愛はうまくいきます。

သင်ရဲ့အချစ်ရေး

သင်ဟာ လူကြိုက်များတဲ့သူတစ်ဦးဖြစ်ပြီး ယောက်ျားလေးတွေဆီက သင့်ကို ချစ်ကြောင်း ဖွင့်ဟဝန်ခံလာတာများပါတယ်။

သင်ကနှစ်သက်တဲ့ ယောက်ျားလေးထက် ကိုယ့်ကိုနှစ်သက်လာတဲ့ ယောက်ျားလေးမျိုးနဲ့ ချစ်ခင် လက်တွဲမယ်ဆိုလျှင် သင့်အချစ်ရေးက ပိုကောင်းတဲ့ အချစ်ရေးဖြစ်လာပါလိမ့်မယ်။

・友達運
 人を引きつける魅力で、友達が多いです。
 友達が嫌がる事は絶対にしないので、友達は安心してあなたと付き合えます。

သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေး

သင်ဟာ လူတွေကို ဆွဲဆောင်နိုင်တဲ့သူတစ်ဦးဖြစ်တဲ့အတွက် သင့်မှာ သူငယ်ချင်းတွေအများကြီးရှိပါတယ်။

သူငယ်ချင်းတွေ မကြိုက်တဲ့ ကိစ္စဆိုလျှင် လုံးဝ မလုပ်တတ်တဲ့သူမျိုး ဖြစ်တဲ့အတွက် သူငယ်ချင်းတွေက သင့်ကို စိတ်ချယုံကြည်စွာဖြင့် သင်နဲ့ ခင်မင်ပေါင်းသင်းတတ်ပါတယ်။

・運勢の高まる月と日にち
 4月と10月 毎月の10日と28日

ကံကောင်းစေတဲ့ လနှင့်ရက်များ

ဧပြီလ နှင့် အောက်တိုဘာလ တိုင်း၏ ၁၀ရက်နေ့နှင့် ၂၈ ရက်နေ့ ဖြစ်ပါတယ်။

・相性の良い彼のタイプ
 あなたと同じく、努力家の男の子が良いでしょう。

သင်နဲ့ ပိုပြီးသဟဇာတဖြစ်မည့် ကောင်လေးပုံစံ

သင့်သကဲ့သို့ အလုပ်ကြိုးစားတဲ့ အမျိုးသား တစ်ယောက်ဆို သင်နဲ့ပို သင့်လျော်ပါတယ်။

・この日生まれの男の子へのアプローチ方法。
 彼は女の子と接するのが苦手で、女の子と二人っきりでは逃げてしまうかも。
 彼の友達も一緒に、友達同士で仲良くなる事から始めましょう。
 彼の好みは 『しっかり者の女の子』

မွေးလ မွေးရက်တူ ကောင်လေးတစ်ယောက်ကို ချဥ်းကပ်သည့်နည်းလမ်း

သူက မိန်းကလေးတွေနဲ့ ပတ်သက်လျှင် အားနည်းတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် မိန်းကလေး တစ်ယောက်နှင့် နှစ်ယောက်ထဲ ရှိတဲ့အခါမျိုးမှာဆို ထွက်ပြေးတတ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

သူရဲ့သူငယ်ချင်းတွနဲ့ အတူတူ ခင်ခင်မင်မင်ပေါင်းသင်းပြီး သူ့အနားကို ကပ်တဲ့ ပုံစံမျိုးနဲ့ စလျှင် ပိုအဆင်ပြေပါလိမ်မယ်။

သူရဲ့အကြိုက်ကတော့ တည်တည်ငြိမ်ငြိမ် နေတတ်တဲ့မိန်းကလေးတစ်ယောက် ပုံစံဖြစ်ပါတယ်။

・開運方法
 ラッキーカラー レモンイエロー
 ラッキースポット 習い事教室
 ラッキーファッション 星柄


 ラッキーナンバー 2.74.83
 ラッキーアイテム スポーツシューズ


 ラッキーフード スポーツ飲料


 ラッキーフラワー(誕生花と花言葉) 松茸(まつたけ) 控えめ

ကံပွင့်စေသောနည်းလမ်းများက အောက်ပါ သင့်အတွက် ကံကောင်းစေတဲ့ အရာများကို လုပ်ဆောင်လိုက်ပါ။

Lucky အရောင် - သံပုရာအဝါရောင် (lemon yellow)      

Lucky နေရာ - Lesson class

Lucky ဖက်ရှင် - ကြယ်ပုံစံ

Lucky အရေအတွက် -2,74,83

Lucky ပစ္စည်း - အားကစားဖိနပ်များ

Lucky အစားအစာ - Sports drink

Lucky ပန်းပွင့် - Matsutake mushroom 

・向いている仕事。
 物事を合理的に考える仕事が良いでしょう。
 医者、不動産鑑定士など。

သင့်လျော်သောအလုပ်အကိုင်

ကိစ္စတစ်ခုကို ဆင်ခြင်သုံးသပ်နိုင်ပြီး ကျိုးကြောင်းဆီလျော်စွာ စဥ်းစားရတဲ့အလုပ်မျိုးနဲ့ဆို ပိုသင့်လျော်ပါတယ်။

ဆရာဝန်၊ အိမ်ခြံမြေ အကြံပေး တို့နဲ့ပိုသင့်လျော်ပါတယ်။

・ワンポイントチャームアップ
 キレイな瞳でチャームアップ。
 寝不足にならない様に。

သင့်ကို ပိုမိုချစ်စရာကောင်းစေမည့် သော့ချက်

သင့်ရဲ့ လှပတဲ့ မျက်လုံးတွေက သင့်ရဲ့လှပတဲ့ သော့ချက်ဖြစ်ပါတယ်။

အိပ်ရေးမဝတဲ့ပုံစံနဲ့ တော့မနေပါနဲ့နော်။