ACCOUNTID -
ကိုယ်ပိုင်အကောင့် သင်ခန်းစာများ E-Library Homeworks လှို့ဝှက်ကုတ် ပြောင်းရန် အကောင့်ထွက်ရန်
ဂျပန်ရိုးရာ လေ့လာ ခြင်း သင်ခန်းစာများ
  • စုစည်းမှု့ - Technology
  • ပို့တင်သူ - jptechadmin
  • စတင်သည့်နေ့ - 23-07-2019
  • View - 1650

  • အကြောင်းအရာ အကျဥ်း

    ခန်းဂျီးလို့ပြောလိုက်ရင် အနည်းနဲ့အများတော့ တီဆားတို့ဖြစ်သွားမယ် ထင်ပါတယ်။

ဂျပန်ရိုးရာ လေ့လာ ခြင်း သင်ခန်းစာများ

ခန်းဂျီးလို့ပြောလိုက်ရင် အနည်းနဲ့အများတော့ တီဆားတို့ဖြစ်သွားမယ် ထင်ပါတယ်။

ကမ႓႓ာပေါ်မှာ တရုတ်ပြည်အခြေခံ ခန်းဂျီးကို သုံးပြုတဲ့ အခြားနိုင်ငံတွေက ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန် နဲ့ ဗီယက်နမ်လို့ ဆိုပါတယ်။

ခုနောက်ပိုင်း တောင်ကိုးရီးယားမှာ "Hangul"ကို အသုံးပြုကြပြီး ခန်းဂျီးအသုံးပြုမှု နည်းလာတဲ့အတွက် ခန်းဂျီးကို မဖတ်တတ်သူ များလာတယ်လို့ ကိုးရီးယားသူငယ်ချင်းက ပြောပါတယ်။

ခန်းဂျီးနဲ့ ရင်းနှီးတဲ့ နိုင်ငံတောင် ခန်းဂျီးကို မှတ်ဖို့ ခက်ခဲတာမို့ မြန်မာနိုင်ငံလိုမျိုး ခန်းဂျီးမသုံးတဲ့နိုင်ငံကသူအဖို့ ခန်းဂျီးကို ခက်တယ်ထင်တာ မဆန်းပါဘူး။

ဂျပန်စကားသုံး ခန်းဂျီးက တရုတ်ပြည်မှာသုံးတဲ့ ခန်းဂျီးအရေအတွက်နဲ့စာရင် အတော်နည်းပါတယ်။

တရုတ်လူမျိုးများအတွက် ဂျပန်စာမှ ခန်းဂျီးက အတော်လွယ်ပါတယ်။

ဂျပန်လို အသံထွက်မသိရင်တောင်မှ အဓိပ္ပာယ်က အများအားဖြင့် အတူတူဘဲမို့ပါ။

常用漢字(じょうようかんじ)လို့ခေါ်တဲ့ လက်ရှိ ဂျပန်မှာ အသုံးပြုနေတဲ့ ခန်းဂျီးစာလုံးပေါင်း 2,136 လုံး ရှိပါတယ်။

အဲဒီထဲက ဂျပန်မူလတန်းကျောင်း ၆နှစ်တာကာလမှာ ခန်းဂျီး 1006 လုံး သင်ရပါတယ်။

ဂျပန်စာခန်းဂျီးလေ့လာလိုသူများအတွက် အဲဒီ ခန်းဂျီး 1006 လုံးကို တတ်ရင် ကိုယ့်ရဲ့ ဂျပန်စာလယ်ဗယ်ကို level 2 (သို့) N2 လောက်ရှိပြီလို့ ဆိုနိုင်မှာပါ။

ဂျပန်စကားသုံး ခန်းဂျီးကို လေ့လာတတ်မြောက်ချင်ရင် ၂ပိုင်းခွဲရမယ်ထင်ပါတယ်။

ဖတ်တတ်ဖို့ရယ်နဲ့ ရေးတတ်ဖို့ရယ်ပါ။

၂ခုစလုံးအတွက် အစပိုင်းမှာ အရေးတော့ ကျင့်ရပါမယ်။

အရေးကျင့်ရင်းနဲ့ စာလုံးမြင်ရင် ဖတ်တတ်လာပါလိမ့်မယ်။



ဖတ်တတ်လာပြီဆိုရင်တော့ စာကြောင်းတွေ စာပိုဒ်တွေ ဖတ်ပေးခြင်းအားဖြင့် ခန်းဂျီးကို မှတ်မိလာပါမယ်။

ရေးနည်းပြန်မမေ့သွားဖို့အတွက်ကတော့ ရေးပေးနေမှ ဖြစ်မှာပါ။

ရေးရာမှာလဲ ခန်းဂျီးတလုံးထဲကို အကြိမ်ကြိမ်ရေးတဲ့နည်းက သိပ်မကောင်းပါဘူး။

ခန်းဂျီးတလုံးကို ၃ကြိမ်မှ ၅ကြိမ် ရေးပြီး အဲဒီအတိုင်း ၃ရက်ဆက်တိုက်ရေးပေးတာက ပိုကောင်းပါတယ်။

ပြီးတော့ ကိုယ်ရေးလိုက်တဲ့ ခန်းဂျီးကို သုံးပြီး ဝါကျသဘောမျိုး ရေးပေးပါ။

ဒိုင်ယာရီလို ရေးမှတ်ရင်လဲ ကောင်းပါတယ်။

ဥပမာ___

食(た)べます - စားသည်

あさは パン を 食べました。
(မနက်က ပေါင်မုန့်ကို စားခဲ့တယ်)

ဒီလိုရေးပေးခြင်းအားဖြင့် ခန်းဂျီးရော ဟီရငန/ခါတခနပါ လေ့ကျင့်သလို ဖြစ်စေမှာပါ။

ကိုယ်တိုင်လဲ ဒီနည်းနဲ့ ခန်းဂျီးရေးနည်းကို ပြန်မှတ်မိလာတာပါ။

ခန်းဂျီးက ဖတ်တတ်လာသည့်တိုင် ရေးမကျင့်ရင် အလွတ်ရေးတတ်မှာ မဟုတ်ပါဘူး။

ခန်းဂျီးက ပုံလေးတွေကနေ ဆင်းသက်လာတာမို့ အစပိုင်းမှာ ပုံလေးတွေနဲ့ မှတ်ရင် မှတ်မိလွယ်ပါတယ်။

ဒါက အရင်တုန်းက တင်ပေးခဲ့တဲ့ ခန်းဂျီးကို ပုံတွေနဲ့ ရှင်းပြထားတဲ့ စာအုပ် link ပါ။