အလုပ်သင် စနစ်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ခြင်း J-TEC Japan Ready Functions Training School

နိုင်ငံခြားသား ပညာသင်စနစ် ဆိုတာ

နိုင်ငံခြားသား အလုပ်သင်စနစ်ဆိုသည်မှာ နိုင်ငံတကာမှ အလုပ်သမားများအား ဂျပန်နိုင်ငံသို့ ခေါ်ယူ၍ ဂျပန်နိုင်ငံ၏ စက်မှု လက်မှု နည်းပညာများ လာရောက်လေ့လာသင်ယူစေပြီးနောက် အမိနိုင်ငံသို့ ပြန်ပြီး ဂျပန်နိုင်ငံမှ လေ့လာသင်ယူခဲ့သော အသိပညာ အတတ်ပညာများ ပြန်လည် အသုံးချ၍ မိမိနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် တစ်ထောင့် တစ်နေရာမှ အားဖြည့်ကူညီဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရေးဆွဲပြဌာန်းထားခြင်း ဖြစ်ပါသည်။


နိုင်ငံခြားသား အလုပ်သင်တန်းပို့ချမှု အဆင့်ဆင့်

  • အလုပ်သင် အဆင့် - ၁
  • - ဂျပန်နိုင်ငံသို့ ရောက်ရောက်ခြင်း စာတွေ့သင်တန်း ပို့ချပေးမည်။
    - ဂျပန်နိုင်ငံ လူနေမှု ပုံစံ ၊ အလုပ်သင်တန်းသားစနစ်နှင့်ပတ်သတ်၍ သေသေချာချာ သင်ယူကြရမည်။
    - ယင်းနောက် အလုပ်သင်ဌာနသို့သွားရောက်၍ လက်တွေ့ သင်ယူကြရမည်။
    ရည်မှန်းချက် - နည်းပညာအရည်အချင်းစစ်စာမေးပွဲ အခြေခံအဆင့် (စာတွေ့၊ လက်တွေ့) အောင်မြင်ရမည်။


  • အလုပ်သင် အဆင့် - ၂
  • - အလုပ်သင်တန်းသား အဆင့် ၁ ထက်ပိုမိုမြင့်မားသောအဆင့်မြင့် နည်းပညာများ လေ့ကျင့်သင်ယူရမည်။
    ရည်မှန်းချက် - နည်းပညာအရည်အချင်းစစ်စာမေးပွဲ အဆင့် ၃ (လက်တွေ့) အောင်မြင်ရမည်။

    အလုပ်သင်အဆင့် ၃ သို့မကူးပြောင်းမီ တစ်လ အမိနိုင်ငံသို့ ခေတ္တခဏပြန်ရမည်။


  • အလုပ်သင် အဆင့် - ၃
  • - အလုပ်သင်တန်းသားအဆင့် ၂ တွင်လေ့လားသင်ယူခဲ့သော နည်းပညာများ လက်တွေ့အသုံးချရမည်။
    - နည်းပညာအဆင့် ပိုမိုမြင့်မားအောင် ကြိုးစားသင်ယူကြရမည်။
    ရည်မှန်းချက် - နည်းပညာအရည်အချင်းစစ်စာမေးပွဲ အဆင့် ၂ (လက်တွေ့) အောင်မြင်ရမည်။



ဖြေဆိုရမည့် နည်းပညာ အရည် အချင်းစစ် စာမေးပွဲ

အလုပ်သင် ဖြေဆိုရမည့် နည်းပညာ အရည်အချင်းစစ် စာမေးပွဲ လိုအပ်သည့် နည်းပညာ အရည်းအချင်း အဆင့်အတန်း
အဆင့် ၁ နည်းပညာအရည်းအချင်းစစ်စာမေးပွဲ အခြေခံအဆင့် (အလုပ်သင်စာမေးပွဲ အခြေခံအဆင့်) အခြေခံ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန် မဖြစ်မနေ လိုအပ်သည့် နည်းပညာအရည်အချင်း
အဆင့် ၂ နည်းပညာအရည်းအချင်းစစ်စာမေးပွဲ အဆင့် ၃ (အလုပ်သင်စာမေးပွဲ ပညာရှင်အဆင့်) အခြေခံအဆင့် အလုပ်သင်တစ်ယောက်တွင် ရရှိမည့် နည်းပညာအရည်အချင်း
အဆင့် ၃ နည်းပညာအရည်းအချင်းစစ်စာမေးပွဲ အဆင့် ၂ (အလုပ်သင်စာမေးပွဲ အဆင့်မြင့်) အလယ်တန်းအဆင့် အလုပ်သင်တစ်ယောက်တွင် ရရှိမည့် နည်းပညာအရည်အချင်း စံချိန်စံညွှန်း


အလုပ်သမားစံနှုန်း ဥပဒေ နှင့် နည်းပညာ လေ့ကျင့်ရေး ဥပဒေ ချိုးဖောက်မှု (အလုပ်ခန့်ထားမည့် ကုမ္ပဏီများ)

  • ရိုက်နှက်ခြိမ်းခြောက် အတင်းအဓမ္မ စေခိုင်းခံရခြင်း ။
  • အလုပ်သင်တန်းပါ အကြောင်းအရာနှင့် လုပ်ငန်းသဘောတူ စာချုပ်ကွဲလွဲခြင်း ။
  • ပတ်စပို့နှင့် နိုင်ငံခြားသားကဒ်ကို သိမ်းထားပေးမည်ဟု အတင်းအဓမ္မ လုယူထားခြင်း ။
  • လွတ်လပ်စွာ အပြင်ထွက်ခွင့် မရခြင်း ။
  • ကိုယ်ပိုင်လွပ်လပ်ခွင့် မရှိခြင်း ။
  • အလုပ်ရှင်အလုပ်သမား လုပ်ငန်းသဘောတူစာချုပ်ပါအတိုင်း လုပ်အားခလစာငွေမရရှိခြင်း ။
  • အချိန်ပိုအလုပ်ဆင်းခြင်းအတွက် အချိန်ပိုလုပ်အားခမရရှိခြင်း ။
  • အချိန်ပိုအလုပ်ဆင်းသည့် နာရီအား အလုပ်ချိန်မှတ်တမ်းတွင် ရေးသွင်းခြင်းမပြုရန်တားမြစ်ခံရခြင်း ။
  • နားချိန်မပေးခြင်း ။
  • နှစ်စဉ်လစာရခွင့်ရက်များ ခံစားခွင့်မရရှိခြင်း ။


ပြည်သူအာမခံများဆိုင်ရာ အတိုချုပ်

အမျိုးအစားများ စာတွေပို့ချနေစဉ်အတွင်း အလုပ်သင်ပေးသောကုမ္ပဏီတွင် အလုပ်ခန့်အပ်ခြင်း အမိနိုင်ငံသို့ ပြန်ရောက်ပြီးနောက်
အလုပ်သမား၏ လုပ်ငန်းခွင်မတော်တဆမှုလျော်ကြေးအာမခံ
အလုပ်အကိုင်အာမခံ
ကျန်းမာရေးအာမခံ
အမျိူးသား ကျန်းမာရေးအာမခံ ကျန်းမာရေးအာမခံ အကျူံးမဝင်လျှင်
ဝန်ထမ်းပင်စင် တစ်လုံးတစ်ခဲတည်း ထုတ်ပေးငွေအဖြစ်လျှောက်ထားခြင်း
အမျိုးသားပင်စင် ဝန်ထမ်းပင်စင်အကျုံးမဝင်လျှင်
တစ်လုံးတစ်ခဲတည်း ထုတ်ပေးငွေအဖြစ်လျှောက်ထားခြင်း


အချိန်ပိုနှင့် အလုပ်ပိတ်ရက် အလုပ်ဆင်းခြင်းအတွက် ခံစားခွင့်

  • ၁။     အစိုးရသတ်မှတ်အလုပ်ချိန်ကျော်လွန်သော အလုပ်ချိန် (သတ်မှတ်အလုပ်ချိန်ပြင်ပ) အတွက်ပုံမှန်လုပ်ခငွေ၏ (၂၅%) နှင့်အထက်
  • ၂။     အစိုးရသတ်မှတ်အလုပ်ပိတ်ရက် (အများပြည်သူအလုပ်ပိတ်ရက်) အလုပ်ချိန်အတွက်ပုံမှန်လုပ်ခငွေ၏ (၃၅%)နှင့်အထက်
  • ၃။     ည ၁၀နာရီမှ နောက်နေ့နံနက် ၅နာရီအတွင်း (ညဉ့်နက်ပိုင်းအလုပ်ချိန်) အလုပ်ချိန်အတွက်ပုံမှန်လုပ်ခငွေ၏ (၂၅%)နှင့်အထက်


လုပ်သက်ခွင့်ခံစားခွင့်များ

  • အလုပ်စတင်ခန့်အပ်သောနေ့မှ ခြောက်လဆက်တိုက်တာဝန်ထမ်းဆောင်ပြီး အလုပ်ဖွင့်ရက်အားလုံး၏ ၈၀%အလုပ်ဆင်းခဲ့လျှင် လုပ်သက်ခွင့် ၁၀ ရက်။
  • အလုပ်စတင်ခန့်အပ်သောနေ့မှ တစ်နှစ်နှင့်ခြောက်လဆက်တိုက်တာဝန်ထမ်းဆောင်ပြီး အလုပ်ဖွင့်ရက်အားလုံး၏ ၈၀%အလုပ်ဆင်းခဲ့လျှင် လုပ်သက်ခွင့် ၁၁ ရက်။
  • အလုပ်စတင်ခန့်အပ်သောနေ့မှ နှစ်နှစ်နှင့်ခြောက်လဆက်တိုက်တာဝန်ထမ်းဆောင်ပြီး အလုပ်ဖွင့်ရက်အားလုံး၏ ၈၀%အလုပ်ဆင်းခဲ့လျှင် လုပ်သက်ခွင့် ၁၂ ရက်။

တစ်ဆက်တည်းအလုပ်ခန့်ထားသော နှစ်အရေအတွက် ၀.၅ ၁.၅ ၂.၅ ၃.၅ ၄.၅
တစ်ဆက်တည်းအလုပ်ခန့်ထားသော နှစ်အရေအတွက် ၁၀ ၁၁ ၁၂ ၁၄ ၁၆